ရန်ကုန်မြို့လယ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူမူရင်းပန်းချီကားကို ရေးဆွဲသူက ဒေါ်အောင်ဆန်းစုကြည်ထံ လက်ဆောင်ပြန်လည်ပေးမည်

ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ချိတ်ဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 ရန်ကုန်မြို့လယ်တွင် ချိတ်ဆွဲထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ပုံတူပန်းချီကား မူရင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လက်ဆောင်ပေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကူညီမည်ဖြစ်ကြောင်း အဆိုပါ ပန်းချီကားရေးဆွဲသူ ပန်းချီဆရာ မနုယဉ်ကပြောသည်။


‘‘မူရင်းကားကို ကျွန်မက အမေစုကို လက်ဆောင်ပေးချင် တယ်ဆိုတာမျိုးရှိတော့ ကျွန်မရဲ့ရည်ရွယ်ချက် ပြည့်ဝသွားအောင် အမေစုနဲ့ ကြုံကြိုက်တဲ့အခါကျရင် လက်ဆောင်ပေးဖို့အတွက် ကူညီပေးမယ်လို့ ပြောပါတယ်’’ ဟု ပန်းချီဆရာမနုယဉ်ကပြော သည်။

အဆိုပါပန်းချီကားကို (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအနေဖြင့် ရန်ကုန် တိုင်းအစိုးရအဖွဲ့က ဆူးလေ ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်တွင် ချိတ်ဆွဲထားခြင်းဖြစ် သည်။

 ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဆီဆေးဖြင့် ရေးဆွဲထားပြီး အချိန်နှစ်လကြာ ရေးဆွဲခဲ့ရကြောင်း ပန်းချီဆရာမ ကဆိုသည်။

‘‘ဒီလိုမျိုး ချိတ်မယ်ဆိုတာ ရန်ကုန်တိုင်းအစိုးရရဲ့ အစီအစဉ် ပေါ့နော်။ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်း၊ ၁၁ လပိုင်းလောက်ကတည်းက ဒီလိုအစီအစဉ်လေးရှိတယ်ဆိုပြီး တိုင်းအစိုးရအဖွဲ့က ဆက်သွယ် လာတယ်။ ကိုယ်တိုင်လည်း အမေစုပုံတွေ ဆွဲတာ၊ လှူတာရှိတယ်။ သူတို့ဘက်ကလည်း ပန်းချီပစ္စည်းတွေ ပံ့ပိုးပေးပါတယ်။ ကိုယ်တိုင်လည်း အမေစုကိုလက်ဆောင်ပေးချင်တယ်။ ဒါကြောင့် ကိုယ့်ကိုဆက်သွယ်ပြီး ကမ်းလှမ်း တဲ့အတွက် ကိုယ်တိုင်ကလည်း ဝမ်းသာအားရနဲ့ ဆွဲဖြစ်တာပါ။ ပြည်ထောင်စုနေ့အမီကိုပဲ ချိတ် ဆွဲဖို့ ကမ်းလှမ်းခဲ့တယ်’’ဟု ပြော သည်။

ဆူးလေဘုရားလမ်းနှင့် မ ဟာဗန္ဓုလလမ်းထောင့်ရှိ ပြန် လည်ပြုပြင်နေသည့် ယခင် ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနရုံး အဆောက်အအုံဟောင်း တွင် ချိတ်ဆွဲထားသည့် အဆိုပါ ပန်းချီကားကို စင်ကာပူနိုင်ငံတွင် ပရင့်ထုတ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့လယ်တွင် ချိတ် ဆွဲထားသည့် ပန်းချီကား၌ ‘‘အ မျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ဖက်ဒ ရယ်ပြည်ထောင်စုကြီး ဘယ် တော့ရောက်မလဲဆိုတာ ကျွန်မတို့အားလုံးအပေါ်မှာပဲ မူတည်နေ ပါတယ်’’ဟု ၂၀၁၇ က နေပြည်တော်တွင် ပြုလုပ်သည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်ပြည့် အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အမှာစကားကိုလည်း ထည့်သွင်းချိတ်ဆွဲထားသည်။

အဆိုပါပုံတူသည်၂၀၁၆ က နေပြည်တော်တွင် ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက် ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ရေးဆွဲထား ခြင်းဖြစ်သည်။

 မူရင်းပန်းချီကားသည် ၄ ပေ × ၃ ပေ ဖြစ်ပြီး ရန်ကုန်မြို့ လယ်တွင် ချိတ်ဆွဲထားသည့်ပုံတူသည် ၁၅ ပေ × ပေ ၂၀ ဖြစ်သည်။

More in News Section