ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး ဆန္ဒပြခဲ့သော ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ဗကသများအဖွဲ့ချုပ်မှ ထုတ်ပယ်

ဇန်န၀ါရီလကုန်ပိုင်းက ရတနာပုံတက္ကသိုလ်အတွင်း ပညာရေးစရိတ်တိုးမြှင့်ပေးရေး ကျောင်းသားများက ဆန္ဒပြနေစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)

ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး ရတနာပုံတက္ကသိုလ် အတွင်း ဆန္ဒပြခဲ့သော ရတနာ ပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ဗကသများအဖွဲ့ချုပ်မှ ထုတ်ပယ်ကြောင်း ဗကသများ အဖွဲ့ချုပ်    ဗဟိုလုပ်ငန်းကော်မတီ(CWC) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာသည်။

ဗကသများအဖွဲ့ချုပ် ဖွဲ့ စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ များကို ချိုးဖောက်ခြင်းကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသား များ သမဂ္ဂစည်းရုံးရေးကော်မတီ တာဝန်ခံ ကိုရဲမျိုးဆွေနှင့် ကိုကျော်သီဟရဲကျော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂကို ဗကသများအဖွဲ့ချုပ်မှ ထုတ်ပယ်ကြောင်း ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေး မှူး ကိုကောင်းထက်ကျော်က ဆို သည်။

‘‘ပြစ်ချက်တစ်ခုတည်း ကြောင့်တော့ မဟုတ်ဘူး။ ပြစ် ချက်တွေများနေလို့ ဗဟိုလုပ်ငန်း ကော်မတီအစည်းအဝေး ဆုံးဖြတ် ချက်အနေနဲ့ ထုတ်လိုက်တာပါ။ ကျွန်တော်တို့ CWC ကို ရွေး ကောက်တင်မြှောက်ခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာ ဘားအံအစည်းအဝေး မှာ သူတို့ကသပိတ်မှောက်တယ် ဆိုပြီး ထွက်သွားတယ်။ ဒီ CWC ကို လက်ခံတာ၊ မခံတာ သူတို့အ ပိုင်း၊ ဒါပေမဲ့ ဒီ CWC က ဗကသ များအဖွဲ့ချုပ်ကို လွှမ်းခြုံတာဖြစ် တဲ့အတွက်ကြောင့် ဗကသနာ မည်သုံးနေတဲ့အပေါ် ကျွန်တော် တို့ပြောဖို့ လိုတယ်။ နောက်နောင် အရှုပ်အထွေးတွေ မဖြစ်လာ အောင် အခုလိုဆုံးဖြတ်လိုက်တာ ပါ’’ဟု ကိုကောင်းထက်ကျော် က ပြောသည်။

၂၀၁၅ ဒီမိုကရေစီပညာရေး သပိတ်အကြမ်းဖက်ဖြိုခွဲခံရမှု ဖြစ်ပွားပြီး  ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အများစု ဖမ်းဆီး ချုပ်နှောင်ခံနေရချိန်တွင် ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)ဟု   အမည်တပ်၍    ဂိုဏ်းခွဲ ထောင်ခြင်း၊   ဂိုဏ်းခွဲထောင်ပြီး နောက်   တစ်ဆက်တည်း   ဗဟို ဆန့်ကျင်ရေးပြုလုပ်ခြင်း၊ ပြုလုပ် ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ဘား အံမြို့တွင် ကျင်းပသည့် ကျောင်း သားထုညီလာခံ အကြိုအစည်းအ ဝေးကို အကြောင်းပြချက်ခိုင်လုံ မှု မရှိဘဲ ပွဲပျက်စေရန်ရည်ရွယ် ချက်ဖြင့် သပိတ်မှောက်ထွက်ခွာ သွားခြင်း၊ ဗဟိုလုပ်ငန်းကော်မ တီ  ခွင့်ပြုချက်မပါဝင်ဘဲ ဗကသ များအဖွဲ့ချုပ်က  တာဝန်ယူလုပ် ဆောင်သယောင် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်၍ တရားမ၀င်ကြေညာချက်များ ထုတ်ပြန်ခြင်းတို့ကြောင့်ကိုရဲမျိုးဆွေကို ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ဗဟိုလုပ်ငန်းကော်မတီ ကြေညာချက်တွင် ဖော်ပြထားသည်။

‘ရဲမျိုးဆွေကို အခြေပြုကာ ဆောင်ရွက်နေသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကိုလည်း တစ်ဆက်တည်း ထုတ်ပယ်လိုက်သည်’ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

‘‘ဒီ CWC က ကျွန်တော်တို့ နဲ့ မသက်ဆိုင်ဘူး။ ဒီ CWC ကို လက်မခံဘူးဆိုတာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောထားပြီး သားပါ။ ဗကသများအဖွဲ့ချုပ် (၇)ကြိမ်မြောက် ညီလာခံပေါ်လာပြီး အဲဒီညီလာခံက ကျွန်တော်တို့ကို အရေးယူတယ်ဆိုရင် ပြန်ပြီးခုခံကာကွယ်မှာ။ အခုက သူတို့ဟာ သူတို့လက်ခံထားတဲ့ CWC က ထုတ်တာဖြစ်နေတယ်’’ ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အတွင်းရေးမှူး ကိုရဲမျိုးဆွေက ပြောသည်။

ပညာရေးအသုံးစရိတ်မြှင့် တင်ပေးရေးအပါအ၀င် အချက် သုံးချက် ဖြည့်ဆည်းပေးရန် ရတ နာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ဇန်န၀ါရီ ၂၂ ရက် မှ ၂၄ ရက်အထိ ရတနာပုံတက္က သိုလ်တွင် ဆန္ဒပြတောင်းဆိုခဲ့ သည်။ ဆန္ဒပြကျောင်းသားများ ကို သက်ဆိုင်ရာတက္ကသိုလ်များ က သင်တန်းမှ ရပ်စဲကြောင်း အကြောင်းကြားပြီးနောက် ယခုကျောင်းပြန်လည်တက်ရောက် ခွင့်ပြုထားသည်။

ဗကသအဖွဲ့ဝင်ဟောင်း ကျော်ကိုကို အတွင်းရေးမှူးအဖွဲ့ ၀င်အဖြစ် ပါဝင်သည့် ဗဟိုလုပ် ငန်းကော်မတီ ဖျက်သိမ်းပြီး နောက် ၂၀၁၆ နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ကျောင်းသား ထုညီလာခံအကြိုအစည်းအဝေး တွင် လက်ရှိဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီကို ရွေး ကောက်တင်မြှောက်ခဲ့သည်။