‘‘ကိုယ်ချမ်းသာဖို့အတွက်ကို မကြည့်ဘဲနဲ့ ကိုယ့်သွေးကို၊ ကိုယ့်အမျိုးကို အားနာတတ်ခြင်း၊ ကရုဏာစိတ်ဓာတ်ရှိခြင်းဆိုတာက နိုင်ငံက အေးချမ်းမှာပဲ’’

ရေးမြို့နယ် ကိုရင်လေးကျောင်းဆရာတော်နှင့် တွေ့ဆုံမေးမြန်းလျှောက်ထားခြင်း
ကိုရင်​လေးကျောင်းဆရာ​တော် (ဓာတ်ပုံ−ကျော်ဇင်သန်း)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင်မွန်ပြည်သစ်ပါတီ (NMSP) ပါဝင် လက်မှတ်ထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ပေးသည့် မွန်ပြည်နယ် ရေးမြို့နယ် ကျိုက်ဒေ့တမော့ပရတ်  စံတော်ရှင်သာသနာပြုဌာန ဘဒ္ဒန္တပုပ္ဖရမ္မ ကိုရင်လေးကျောင်ဆရာတော်အား မေးမြန်းလျှောက်ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။   ကိုရင်လေးကျောင်းဆရာတော်သည် မွန်ပြည်သစ်ပါတီ အပါအ၀င် မွန်လူမျိုးများ မွန်အဖွဲ့အစည်းများ ယုံကြည်အားထားကိုးကွယ်သော ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ် သည်။

လက်ရှိမွန်ဒေသရဲ့ ငြိမ်းချမ်းရေး အခြေအနေနဲ့ပတ်သက်ပြီး ဘာများမိန့်ကြားလိုပါသလဲဘုရား။

ငြိမ်းချမ်းရင်တော့ ကောင်း တာပေါ့။ ကိုယ့်နိုင်ငံက ပညာရေး တို့၊ စီးပွားရေးဆိုတာ တိုးတက် ရင်တော့ ကိုယ့်နိုင်ငံမှာရှိနေတဲ့ ခုနစ်ရက်သားသမီးတွေ အများ ကြီးအကျိုးကျေးဇူးပြုတာပေါ့။

အစိုးရနဲ့ မွန်ပြည်သစ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြ တဲ့အခါ အရှင်ဘုရားအနေနဲ့ ဘာ တွေကူညီပေးခဲ့တာ ရှိပါသလဲ ဘုရား။

နှစ်ပေါင်း ၂၄ နှစ်တောင် ကျော်သွားပြီ။ ငြိမ်းချမ်းရေးက ပူလိုက်၊ နွေးလိုက်  ဖြစ်လာတာ နှစ် ၂၀ ကျော်ထိုင်ပြီးတော့ စောင့် လာရတော့ ခုခေတ်ဒီလို လက် မှတ်ရေးထိုးပွဲလုပ်တာ ကောင်း တာပေါ့။ နိုင်ရွှေကျင်တို့ လက် ထက်ကတည်းက ငြိမ်းချမ်းရေး တွေ လုပ်သွားတယ်။ နိုင်ရွှေကျင် တို့ လက်ထက်ပြီးတော့ ၂၀၁၀ ဖွဲ့စည်းပုံပြောင်းလဲသွားတော့ ဘုန်းကြီးတို့  ပြည်နယ်အဆင့်မှာ ဦးသိန်းစိန်လက်ထက်မှာ ဦးအောင်မင်း တို့၊ မွန်ပြည်နယ် ၀န်ကြီးချုပ်တို့နဲ့ နားလည်မှု လက်မှတ်ကိုထပ်ထိုး တာ။ ဒါလည်း ခုနစ်နှစ်သက်တမ်း လောက် ဖြစ်သွားပြန်ပြီ။ အခု ဆက်ပြီးတော့ ဒီနှစ်မှာ လက်မှတ် ထိုးဖို့က ဂျပန်တွေ အဖွဲ့ကလည်း တောင်းပန်တယ်လေ။ ဂျပန်အဖွဲ့ နိပွန်ဖောင်ဒေးရှင်းကလည်း နှစ် ကြိမ်တိုင်တိုင်လာ တောင်းပန် တယ်။ တောင်းပန်တယ်ဆိုတာ ဒကာကြီးတို့သိတဲ့အတိုင်းပဲလေ။ ဖွံ့ဖြိုးရေးက (မတရားအသင်းဥပ ဒေပုဒ်မ) ၁၇(၁)တို့ ရှိတော့ လုပ် လို့မရဘူးလေ။ နောက်ပိုင်းမှာ မွန်ပြည်နယ် ၀န်ကြီးချုပ်ကိုယ် တိုင် သူတို့က စာ(ငြိမ်းချမ်းရေး အကျိုးဆောင်လက်မှတ်) တွေ ထုတ်ပေးပြီးမှ ဘုန်းကြီးတို့ဆက် ပြီးတော့ လုပ်ငန်းတွေထိထိ ရောက်ရောက် လုပ်နိုင်တာပေါ့။ ပထမက လုပ်လို့မရဘူး။

မွန်ပြည်သစ်ပါတီကို လက် မှတ်ထိုးဖို့ တိုက်တွန်းတာမျိုးရှိခဲ့ ပါသလားဘုရား။

လောကမှာ သူနည်းနည်း ငါ နည်းနည်းပေါ့လေ။ သူ့ဘက်က လည်း ပါတယ်ပေါ့။ ဘုန်းကြီးတို့ ကလည်း ပါတာပေါ့။ ဘာဖြစ်လို့ လဲဆိုရင် ကိုယ့်ဒေသထဲမှာ တောင်ဘက်ပိုင်းတွေက အခြေအနေတွေ ကိုပေါ့။ တောင်ဘက်ပိုင်း အခြေ အနေတွေဆိုတာက ထိုးထားတဲ့ အဖွဲ့တွေ ရှိတယ်။ မထိုးတဲ့အဖွဲ့ ဆိုတာ နည်းနည်းလေး။ စီးပွား ရေး ပျက်စီးခြင်း၊ ပညာရေးပျက် စီးခြင်း၊ အချိန်ကုန်ခြင်းတွေ မဖြစ် ချင်ဘူးပေါ့။ လူတွေကတော့ အ ခွင့်အရေးရတဲ့အချိန်မှာ ဆွေးနွေး ကြရတဲ့ အခွင့်အရေးကို အသုံးချ ကြရင် ကောင်းမှာပေါ့။

လက်မှတ်ထိုးဖြစ်ဖို့ ညှိနှိုင်း ရတဲ့ အခြေအနေတွေကို ရှင်းပြ ပေးပါဦးဘုရား။

ဂျပန်အဖွဲ့တွေလာတယ်။ မွန်ပြည်နယ် အဖွဲ့ကလည်း လာ တယ်။ ဦးအေးဇံတို့လည်း လာ တယ်။ ဒေါက်တာတင်မျိုးဝင်းတို့ လည်း လာတယ်။ အစုံပေါ့လေ။ သူတို့က ပြောတာပေါ့။ ဘုန်းကြီး တို့လည်း ၀ိုင်းပြီးတော့ ပြောတော့ ပထမမှာတော့ မရဘူးပေါ့။ နောက်ဆုံးက စာ(ငြိမ်းချမ်းရေးအကျိုး ဆောင်လက်မှတ်) ထုတ်ပေး တော့ ဘုန်းကြီးတို့က လိုက်သွား တယ်။ သူတို့ဗဟိုက ရောက်လာ တယ်။ တစ်ဦးချင်းက မထိုးဘူး။ အုပ်စုနဲ့ထိုးမယ်လို့ ပြောတယ်။ အုပ်စုနဲ့ထိုးမယ်ဆိုတော့ ၁၁ လ ပိုင်း ၃၀ ရက်မှာ ထိုးခြင်း၊ မထိုး ခြင်းအဖြေပေးဖို့ ဘုန်းကြီးက အ ချိန်တစ်လတောင်းဆိုတာ အဖြေ ထွက်အောင်ပေါ့။ ပါတီကလည်း မဟာမိတ်အဖွဲ့တွေကို ခေါ်တယ်။ ကိုယ့်တိုင်းရင်းသားအဆင်ပြေ အောင် လုပ်ကြပါလို့ ပါတီက ခေါ်ပြီးတော့ တိုက်တွန်းတာပေါ့။ ပြီး တော့ ဦးအေးဇံအဖွဲ့က ၀ယ်ဇင် (NMSP တပ်စခန်း) အထိ သွား တွေ့တာ နိုင်ထောမွန်အဖွဲ့ကို။ ဘုန်းကြီးတို့ကို ခေါ်ပြီးတော့။  နောက်တော့   ဂျပန်အဖွဲ့တွေ၊ ခင်ဇော်ဦးတို့အဖွဲ့တွေ ကျောင်း မှာထပ်တွေ့တာ။ တွေ့ပြီး လက် မှတ်ထိုးဖို့ကိစ္စက သူတို့ကိုရက် အနည်းငယ်ကို အချိန်ပေးပါလို့ ပါတီက ထပ်တောင်းတာ။ အဲဒီ ကြားထဲမှာ ကယားအဖွဲ့က ပြဿနာတက်သွားတာ။ကယား ပြဿနာသွားပြီး စောင့်မယ်ဆို အခုက ရက်သတ်မှတ်ဖို့ ကလည်း နီးလာပြီး နီးတဲ့အခါကျတော့ ထိထိရောက်ရောက် ကိုယ့် ရဲ့ သွားရမယ့်ခရီးကို မြန်မြန်ဆန် ဆန် ရောက်ဖို့အရေးကြီးတာပေါ့။ ဥက္ကဋ္ဌ(နိုင်ထောမွန်)တို့တွေ၊ နိုင် အောင်မင်းတို့၊ နိုင်ဗညားလယ်တို့ က တစ်ခါပြန်ပြီးတော့ လက်မှတ် ထိုးဖို့ ပြန်သုံးသပ်တယ်။ သူ့တို့ ကိုယ်တိုင် ဟိုကို(နေပြည်တော်) သွားပြီးတော့ ဟိုကိုရောက်တဲ့အ ခါ သုံးပွင့်ဆိုင်ကို အေးအေးဆေး ဆေး လက်ခံလိုက်တာ။ (NMSP  ခေါင်းဆောင်များ နေပြည်တော် သို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် သွားရောက်တွေ့ ဆုံပြီး ဆွေးနွေးညှိနှိုင်းခြင်းကို ဆို လိုသည်) ပြီးတော့ သဘောတူ လိုက်တာ။

ဖေဖော်ဝါရီ ၁၃ ရက်မှာ လက်မှတ်ထိုးဖို့ အရှင်ဘုရားတို့ က လမ်းညွှန်မှုပေးတယ်လို့ ပြော ပါတယ်။ ဘာကြောင့်ပါလဲဘုရား။

ဥက္ကဋ္ဌကြီးက ပထမမှာ ၉ ရက်နေ့မှာ လက်မှတ်ထိုးမှာပေါ့။ ၉ ရက်နေ့ဆို ဟိုဘက်(အစိုးရ)အ ဖွဲ့ က မအားလပ်၊ ၁၂ ရက်မှ ပြန် ရောက်မယ်တဲ့။ ဒီကအဖွဲ့က ၁၅ ရက် ပြန်ပေးလိုက်ပြန်၊ ဟိုကနေ မအားပြန်၊ ဟိုကနေ ၆ ရက်ကို ပြန်ချ။ ဒီဘက်က အမျိုးသားနေ့ နဲ့ မအားပြန်။ ဟိုလှည့် ဒီလှည့်နဲ့ လှည့်ရင်း လှည့်ရင်းနဲ့ ဘုန်းကြီး တို့ ပြောတာ ဒီလိုဆို အနေအ ထားမကောင်းလာကြဘူးပေါ့။ ရက်သတ်မှတ်ပြုရအောင် အဲဒါ ၁၃ ရက်နေ့ကိုပဲလို့ ဘုန်းကြီးတို့က ပြောတာပေါ့။ ပါတီကပြောတာ ပေါ့။ သူများပြောမယ် ဗိုလ်ချုပ် မွေးနေ့မှာ လက်မှတ်ထိုးရင်။ ဗိုလ်ချုပ်မွေးနေ့ဆို သူကနှစ်ပေါင်း တစ်ရာကျော်မွေးထားပြီးပြီလေ။ ခေါင်းဆောင်ဆိုတာ သူများမ လုပ်ရဲတဲ့ လုပ်ငန်းလုပ်မှ ခေါင်း ဆောင်ဖြစ်မယ်။ ဒါတွေက ဆုံး ဖြတ်ရမယ်။ မှန်ကန်တဲ့တရားဆို တာ ကိုယ်ပဲသိတာ။ ကိုယ့်အခက် အခဲ ကိုယ်ပဲသိတာ။

မငြိမ်းချမ်းမှုကြောင့် လူထု တွေက ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်လို့ သိထားပါသလဲ ဘုရား။

အခက်အခဲမရှိတဲ့ အလုပ်ဆို တာ ဘယ်ရှိပါ့မလဲ။ အခက်အခဲ တွေ ရင်ဆိုင်နိုင်မှ သုခရမှာပေါ့။ ပင်လယ်သမုဒ္ဒရာတို့လိုပေါ့။ ကူး လိုက်တဲ့အခါ အခက်အခဲရှိတာ ပေါ့။ အခက်အခဲ မကြောက်ဘဲနဲ့ ဟိုဘက်က ကမ်းရှိတယ်ဆိုတာ ယုံကြည်ချက်ရှိတယ်ဆို ရောက် မှာပေါ့။ လူတိုင်းမှာ အခက်အခဲ ရှိတာပဲ။

မွန်ပြည်သစ်ပါတီက ဒီတစ် နိုင်ငံလုံး အပစ်ရပ်စဲရေးမှာ ပါဝင် ခြင်းက လူထုအတွက် ဘယ်လိုအ ကျိုးရနိုင်လဲဘုရား။ ဘာတွေမျှော်လင့်ထားပါသလဲဘုရား။

ဒါတွေက အစိုးရအပေါ်မှာ ပဲ မူတည်တာပေါ့။ လက်မှတ်ထိုး ပြီးတဲ့အခါကျရင် အလှူရှင်တွေ သူတို့အကန့်အသတ်မရှိဘဲနဲ့ လှူ နိုင်တာပေါ့။ အခုက မွန်ပြည်နယ် မှာ လှူချင်ပေမယ့်လည်း လှူလို့ မရဘူးလေ။ ဒါကြောင့် နိပွန် ဖောင်ဒေးရှင်း ဂျပန်အဖွဲ့တွေ လည်း သူလှူဖို့က အခုလက်မှတ် ထိုးပြီးတော့မှ လှူလို့ရတာပေါ့။ မျှော်လင့်ချက်ဆိုတာကတော့ ကိုယ့်နိုင်ငံမှာ ခုခေတ်ကာလမှာ လူတိုင်းလူတိုင်း အလုပ်ရဖို့ပေါ့။ လက်မှတ်ထိုးပြီးတဲ့အခါကျရင် တော့ မွန်ပြည်နယ်၌ စီးပွားရေး တွေဆိုတာ အများကြီးပေါ့၊ ရည် မှန်းချက်တွေ။ ကိုယ့်နိုင်ငံတိုး တက်မယ်လို့ ရည်မှန်းကြတာ ပေါ့။ လုပ်ငန်းကတော့ အများကြီး ရှိသေးတယ်လေ။ လက် မှတ်ထိုး တယ်ဆိုတာ ပထမခြေလှမ်းပဲ။ ဒုတိယခြေလှမ်းတွေကလည်း အများကြီးရှိသေးတာ။ လုပ်ရမှာ အဆင့်တွေ အဆင့်တွေ တော် တော်ကြီး ခရီးက ဝေးသေးတယ်။

မွန်ဒေသအတွက် ဘယ်လို အမြင့်ဆုံးမျှော်လင့်ချက်တွေ ရှိ ပါသလဲဘုရား။

နိုင်အောင်မငေးပြောသလို ပေါ့ သူတို့ဆွဲထားတဲ့ ဖက်ဒရယ် ပေါ့။ ပြည်နယ်ဖက်ဒရယ်တို့၊ ပြည် ထောင်စုဖက်ဒရယ်တို့ပေါ့။ ဒါ ပေမဲ့ လုပ်ငန်းကကြည့်လိုက်တဲ့အ ခါကျရင် ခုနကပြောသလို ရည် မှန်းချက်ဆိုတာလူတိုင်းပေါ့။မိုး ကရွာတိုင်း ရွာတိုင်း ရေတွင်းက ဖြစ်ဖို့ ဘယ်လွယ်ပါ့မလဲ။ဘုန်းကြီး ကတော့ နိုင်ငံရေးဆိုတာ မ၀င် ရှုပ်ဘူးလေ။ ဒါပေမဲ့ နိုင်ငံတိုး တက်ဖို့အတွက်ကတော့ အများ ကြီးစိတ်ထဲမှာ ရှိတယ်။ ဘုန်းကြီး တို့က ငြိမ်းချမ်းရေးဆိုတာ ဘုန်း ကြီးတို့ကိုယ်တိုင် ခံစားဖူးတယ်။ ဘ၀တစ်လျှောက်မှာ၊ ငြိမ်းချမ်း မှပဲ။ တိုင်းရင်းသားတွေအားလုံး အမြင်မတူဘူးဆိုတာက ဒီနိုင်ငံ ကကဏ္ဍ၊ အတ္တနဲ့ဝါဒတွေများရင် တော့ ပိုပိုပြီးတော့ ပြဿနာများ သွားမှာပဲ။ အဓိကကတော့ ပရ ၀ါဒရှိဖို့။ ပရဆိုတာ နိုင်ငံရဲ့ ကမ္ဘာ ကြီးရဲ့ အသိုင်းအ၀ိုင်းကို ချစ်ဖို့။

 ငြိမ်းချမ်းရေးဖြစ်ချင်တယ် ဆို ကမ္ဘာကြီးကိုချစ်ပါ။ ကိုယ့်နိုင် ငံမှာ လူမျိုးပေါင်းတစ်ရာကျော်နဲ့ ဒီလိုအတ္တ၊ ကဏ္ဍ၊ ၀ါဒတွေနဲ့ သွားတယ်ဆိုရင် နိုင်ငံကဘယ် တော့မှ ဖွံ့ဖြိုးတိုးတက်ဖို့မရှိဘူး။ ကိုယ်ချမ်းသာဖို့အတွက်ကို မ ကြည့်ဘဲနဲ့ ကိုယ့်သွေးကို၊ ကိုယ့် အမျိုးကိုအားနာတတ်ခြင်း၊ ကရု ဏာစိတ်ဓာတ်ရှိခြင်းဆိုတာက နိုင်ငံက အေးချမ်းမှာပဲ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင် မြင်ဖို့ ဦးဆောင်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘာများတိုက်တွန်း လိုပါသလဲဘုရား။

နိုင်ငံက ဘယ်ပုဂ္ဂိုလ်မဆို အပေါင်းလက္ခဏာရှိတဲ့ပုဂ္ဂိုလ်ဆို ရိုသေဂါရ၀ပြုသင့်တဲ့ပုဂ္ဂိုလ်ပဲ။ အပေါင်းလက္ခဏာမရှိတဲ့ ပုဂ္ဂိုလ် ဆိုတာ အစွန်းဝါဒပဲ။ အပေါင်း လက္ခဏာမသွားတဲ့ပုဂ္ဂိုလ်တွေဆို ရင် နိုင်ငံတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့၊ ကောင်းလာဖို့မမြင်ဘူးပေါ့။

တခြားဖြည့်စွက်မိန့်လိုတာရှိရင် မိန့်ကြားပေးပါဦးဘုရား။

ဘာမှပြောစရာမရှိပါဘူး။ အကောင်းဘက်က ဦးတည်နိုင်ဖို့ ပေါ့။ ဗုဒ္ဓဟောသွားတာ ခံယူသင့် သောဝါဒဆိုတာ ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီး၊ ဝေ ဖန်ပြီး၊ ကိုယ့်အပြစ်ကိုယ်မြင်ပြီး မှ သူများအပြစ်မမြင်တာ အ ကောင်းဆုံးပေါ့။ အဲဒါကိုလက်ခံ ရင် ကမ္ဘာကြီးက အေးချမ်းမှာပဲ။

အခုလိုမိန့်ကြားပေးတာ ကျေးဇူး တင်ပါတယ်။

More in Interview Section