မုံရွာ၌ တိုင်းလွှတ်တော် လုံခြုံရေး ရဲတပ်သား တစ်ဦး ဓားထိုးခံရ

မုံရွာမြို့ ကမ်းနားလမ်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်လုံခြုံရေးရဲတပ်သားတစ်ဦး ဓားထိုးခံရသဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မုံရွာမြို့မြို့မရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။

မုံရွာမြို့အိုးဘိုတောင်ရပ် ကွက်လွှတ်တော်ရုံးနှင့် ရဲသင် တန်းကျောင်းအကြား ကမ်းနား လမ်းတာရိုးတွင် ဖေဖော်ဝါရီ ၉ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါရဲတပ်သားသည် တာဝန်ချိန်ပြီးဆုံး၍ ရည်းစားနှင့် အတူ ကမ်းနားလမ်းဘေးတာရိုး တွင် ဆိုင်ကယ်ရပ်ပြီးစကားပြော နေစဉ် အမျိုးသားနှစ်ဦးရောက် လာပြီး ဆိုင်ကယ်သော့တောင်းရာ မှ လုံးထွေးသတ်ပုတ်စဉ် ဓားဖြင့် ထိုးခံရခြင်းဖြစ်သည်။

လုံခြုံရေးရဲတပ်သားသည် နောက်ကျောနှင့် ခါးအထက်ပိုင်း တွင် ဒဏ်ရာများရခဲ့ပြီး စိုးရိမ်ရ၍ မုံရွာပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ်  ဆေးကုသမှုခံယူခဲ့ရသည်။

၎င်း၏ ရည်းစားအမျိုးသမီး သည်လည်း နဖူးပေါက်ပြဲဒဏ်ရာ များရသဖြင့် ဆေးကုသမှုခံယူခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

‘‘ဓားနဲ့ထိုးသူနှစ်ဦးကိုတော့ မမိသေးပါဘူး။ ရဲတပ်သားက တော့ ဆေးကုသမှုခံယူနေတာ ဒဏ်ရာတွေ သက်သာနေပါပြီ’’ ဟု ဒုရဲမှူးကျင်စိန်ကပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မြို့မရဲစခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၈၂ အရအမှု ဖွင့်စစ်ဆေးနေကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။