ရဲတပ်ကြပ်ကြီး မောင်းလာသော ကားဝင်တိုက်၍ လမ်းဖြတ်ကူးသူတစ်ဦးသေဆုံး

မူးယစ်တပ်ဖွဲ့မှ ရဲတပ် ကြပ်ကြီးတစ်ဦးမောင်းနှင်လာ သည့် ကားက လမ်းဖြတ်ကူးသူအ မျိုးသားတစ်ဦးကို ၀င်တိုက်မိသ ဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

ရန်ကင်းမြို့နယ် ကံဘဲ့လမ်း အတိုင်းရဲတပ်ကြပ်ကြီးမောင်းနှင် လာသည့် Nissan AD Van ကိုယ်ပိုင်ယာဉ်သည် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀ နာရီ က ဧရာဝတီ ဘဏ်အနီးအရောက်တွင် ယာဉ် တိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားသော အမျိုးသားသည် အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စု ရန်ကုန်(အရှေ့)တွင် ရဲတပ်ကြပ်ကြီးအဖြစ်တာဝန် ထမ်းဆောင်နေသူ ဦးမိုးညွန့် အောင်ဖြစ်ပြီး လမ်းဖြတ်ကူးသူအ သက် (၂၀)အရွယ် ကိုဆန်းသစ် ကို ၀င်တိုက်မိခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရသဖြင့် ကို ဆန်းသစ် ဦးခေါင်း၊ မျက်နှာနှင့် ခြေထောက်တို့၌ ဒဏ်ရာများရ ရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ်တင် ပို့ကုသနေစဉ် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ကသေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

ထို့ကြောင့် ရဲတပ်ကြပ် ကြီးမိုးညွန့်အောင်ကို ရန်ကင်းမြို့ မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေဆုံးမှုပုဒ်မ ၃၀၄-(က)၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ် မ ၂၇၉ တို့ဖြင့်  အမှုဖွင့်အရေးယူ ထားသည်။