ကာဂျစ္စတန်နှင့်မြန်မာ ပြန်ကန်ပွဲ တောင်ကိုရီးယားတွင် ကျင်းပမည်

ကာဂျစ္စတန်နှင့် မြန်မာ အသင်းတို့၏ အာရှဖလားခြေစစ် ပွဲ ပြန်ကန်ပွဲကို ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း မြို့တွင် ကစားရန် အာရှဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့သည်။

ကာဂျစ္စတန်နှင့် မြန်မာအ သင်းတို့ အာရှဖလားခြေစစ်ပွဲ ပြန်ကစားမည့် နိုင်ငံကို နှစ်ဖက် ဘောလုံးအဖွဲ့ချုပ်တို့ ညှိနှိုင်းမှုအဆင်မပြေသောကြောင့် အာရှ ဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ) က ကြားဝင်ဆုံးဖြတ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ တရားဝင်အကြောင်းကြားစာ ပေးပို့လာ ကြောင်း အဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။


‘‘ပြန်ကန်ပွဲအတွက် တောင် ကိုရီးယားနိုင်ငံကို ရွေးချယ်ခဲ့ တယ်။ သူတို့(အေအက်ဖ်စီ)ဘက်က တရားဝင် အကြောင်း ကြားတာဖြစ်တဲ့အတွက် မကန့် ကွက်တော့ဘူး။ အာရှဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်တဲ့အတိုင်းပဲ ကစားမယ်။ အချိန်တော့ မသိရ သေးဘူး’’ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

၂၀၁၇ စက်တင်ဘာ ၅ ရက် က လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာပွဲစဉ်ကို မတ်လ ၂၂ ရက် တွင် တောင်ကိုရီးယားနိုင်ငံ အင် ချွန်းမြို့ Incheon Football Sta-dium ၌ ကစားမည်ဖြစ်သည်။

မြန်မာနှင့် ကာဂျစ္စတန်အ သင်း ပြန်ကန်ပွဲအတွက် မြန်မာ အသင်း ကုန်ကျစရိတ်နှင့် ပွဲကျင်းပရန် ကုန်ကျစရိတ်အားလုံးကို ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ကျခံရမည်ဖြစ်သည်။ မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့သည် ရန်ကုန်မြို့၌ ယှဉ်ပြိုင်စဉ်က နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ထားသည်။ကာဂျစ္စတန်အသင်းနှင့် ပွဲအပြီး ငါးရက်အကြာ မတ်လ ၂၇ ရက်တွင် မြန်မာအသင်းသည် ခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် မကာအို အသင်းနှင့် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ရမည်ဖြစ်သည်။

မြန်မာအသင်း ပါဝင်သည့် ၂၀၁၉ အာရှဖလား တတိယအ ဆင့်ခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယအသင်းက ခြေစစ်ပွဲ အောင်မြင်ပြီး လက်ကျန်ခြေစစ် ပွဲအောင်တစ်နေရာအတွက် ကာ ဂျစ္စတန်အသင်းနှင့် မြန်မာအ သင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။