အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသည့်ယာဉ် နှစ်ရက်အတွင်း အစီးရေတစ်ရာကျော်ဖမ်းမိ

အမြန်လမ်း၌ သတ်မှတ် မိုင်နှုန်းထက် ကျော်လွန်မောင်း နှင်သည့် ယာဉ်များကို စစ်ဆေး အရေးယူနေရာ နှစ်ရက်အတွင်း အစီးတစ်ရာကျော် ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။ 

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၌ ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နှစ်ရက်အတွင်း ၁၀၄ စီး ဖမ်းဆီးရမိခဲ့သည်။

မိုင်တိုင် ၂၀၁ နေပြည်တော် တိုးဂိတ်၌ ၂၃ စီး၊ လှည်းကူးမြို့ နယ် အမှတ်(၃)လမ်းဆုံတိုးဂိတ် ၌ ခြောက်စီး၊ ဖြူးမြို့နယ် ၁၁၅ မိုင်ဖြူးတိုးဂိတ်၌ ၄၉ စီးဖမ်းမိခဲ့သည်။

အလားတူ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ ငါးစီး၊ တံတား ဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ၁၇ စီး၊ ဘောနတ်ကြီးမီနီတိုးဂိတ် ၌ လေးစီး ဖမ်းဆီးရမိခဲ့သည်။ 

အလားတူ အမြန်လမ်း၌ ခါး ပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်များကို စစ်ဆေးအရေးယူ ခဲ့ရာ နေပြည်တော်တိုးဂိတ်၌ တစ် စီး၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ တစ်စီး၊ တံတားဦးမြို့နယ် စကား အင်းတိုးဂိတ်၌ သုံးစီး၊ စုစုပေါင်း ငါးစီးဖမ်းမိခဲ့သည်။ 

ဖမ်းမိသော ယာဉ်များကို သက်ဆိုင်ရာ ယာဉ်စည်းကမ်းတ ရားရုံးများသို့ တရားစွဲတင်ပို့မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။