ရှမ်းနှင့်ဟုမ်းယူနိုက်တက်ပွဲ ပွဲကောင်းဖြစ်မည်ဟု နည်းပြများသုံးသပ်

ရှမ်းနှင့်ဟုမ်းယူနိုက်တက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်အသင်းနည်းပြများနှင့် အသင်းခေါင်းဆောင်များကို တွေ့ရစဉ် (ဓာတ်ပုံ −ရှမ်းယူနိုက်တက်)

 အေအက်ဖ်စီဖလားပြိုင် ပွဲအုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင် မည့် ရှမ်းယူနိုက်တက်နှင့် စင်ကာပူကလပ်  ဟုမ်းယူနိုက်တက်ပွဲသည် ပွဲကောင်းဖြစ်မည်ဟု နှစ်ဖက်အသင်းနည်းပြများက ပြောသည်။

၂၀၁၈ အေအက်ဖ်စီဖလား ပြိုင်ပွဲ အုပ်စု (စ) အဖွင့်ပွဲအဖြစ် ရှမ်းယူနိုက်တက်နှင့် ဟုမ်းယူနိုက် တက်သည် ဖေဖော်ဝါရီ ၁၃ ရက် (ယနေ့) ညနေ ၄ နာရီတွင် ရန်ကုန် မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည် ဖြစ်သည်။ ဟုမ်းယူနိုက်တက် သည် အေအက်ဖ်စီဖလားပြိုင်ပွဲ တွင် အတွေ့အကြုံရင့်ကျက် သည့် အသင်းဖြစ်ခြင်းကြောင့် နိုင် ပွဲရရှိရန် ရုန်းကန်ရနိုင်သော်လည်း အိမ်ကွင်း၌ အမှတ်ပြည့်ရရှိရန် ကြိုးစားမည်ဖြစ်ကြောင်း ရှမ်းယူ နိုက်တက် နည်းပြချုပ် ဦးစိုးမြတ် မင်းက ပြောသည်။

‘‘ဟုမ်းယူနိုက်တက်က  အ သင်းကောင်းတစ်သင်းပါ။ ကျွန် တော်တို့အနေနဲ့ ရုန်းကန်ရနိုင် ဖွယ် ရှိတယ်ဆိုပေမယ့် အိမ်ကွင်း မှာ အမှတ်ပြည့်ယူဖို့ ကြိုးစားမှာ ပါ။ မြန်မာကလပ်အသင်းတွေအ နေနဲ့ ဒီပြိုင်ပွဲမှာ နောက်တစ်ဆင့် မတက်ရောက်နိုင်တဲ့ အခြေအနေ တွေရှိခဲ့တယ်ဆိုပေမယ့် ဒီနှစ်မှာ တော့ ကျွန်တော်တို့အသင်းက နောက်တစ်ဆင့် တက်ဖို့အစွမ်း ကုန်ကြိုးစားမှာပါ’’ ဟု ဖေဖော်ဝါ ရီ ၁၂ရက်ကပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ဦးစိုးမြတ်မင်းက ပြောသည်။

ရှမ်းယူနိုက်တက်တွင် လက် ရွေးစင် ကစားသမား အများစုပါ ဝင်နေပြီး  လက်ရှိလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံးပုံစံ  ပြသနေခြင်းကြောင့်  ခက်ခဲမည်ဖြစ်သော် လည်း အကောင်းဆုံးပုံစံဖြင့် တုံ့ ပြန်မည်ဖြစ်ကြောင်း ဟုမ်းယူနိုက် တက်အသင်း နည်းပြအဒီရှာဟမ် က ပြောသည်။

‘‘ကျွန်တော့်အသင်းက ပြီးခဲ့ တဲ့ ရာသီက ကစားသမားတစ် ဝက်လောက်ကို အပြောင်းအလဲ ပြုလုပ်ထားတယ်။ ဒီနှစ်မှာ အ သင်းမှာ လက်ရွေးစင် ကစားသ မား ငါးဦးပါဝင်နေတယ်ဆိုပေ မယ့် နှစ်ဦးက ဒဏ်ရာရနေတယ်။ တစ်ဦးကပွဲပယ်၊ တစ်ဦးက မပါ လာဘူး။ အဲဒါကြောင့် လက်ရွေး စင်တစ်ဦးပဲပါတယ်။ အဝေးကွင်း ဖြစ်ပေမယ့်လည်း အကောင်းဆုံး ပုံစံနဲ့ အနိုင်ရရှိအောင် ကြိုးစားမှာ ပါ။ အကြိတ်အနယ်ရှိတဲ့ ပွဲ ကောင်းတစ်ပွဲ ဖြစ်လာမှာပါ’’ ဟု အဒီရှာဟမ်က ပြောသည်။

၂၀၁၈ အေအက်ဖ်စီဖလား ပြိုင်ပွဲတွင် မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်က အုပ်စု (စ) ၌ ဖိလစ်ပိုင် ကလပ်စီးရက်စ် နီဂရိုး၊ စင်ကာပူကလပ် ဟုမ်းယူ နိုက်တက်နှင့် ကမ္ဘောဒီးယားက လပ်အန်ကောအသင်းတို့နှင့် တစ် အုပ်စုတည်း  ကျရောက်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် လိဂ်ပြိုင်ပွဲငါးပွဲယှဉ်ပြိုင်ချိန်၌ ရဂိုး ခြောက်ဂိုးသာ ရရှိထားပြီး တိုက် စစ်ကစားပုံ လိုအပ်ချက်ရှိသော် လည်း လေ့ကျင့်ခန်းအစီအစဉ် များတွင်  ပြင်ဆင်ထားကာ အေ အက်ဖ်စီဖလားပြိုင်ပွဲ၌ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် ရည်ရွယ်ထားကြောင်း ဦးစိုးမြတ်မင်းက ဆိုသည်။

အုပ်စု (စ) အခြားပွဲအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စီးရက်စ်နီဂရိုးနှင့် အန်ကောအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ၌ ယှဉ်ပြိုင်မည်ဖြစ်သည်။