ထိုင်းလိဂ်အဖွင့်ပွဲတွင် ဂိုးသွင်းနိုင်သော်လည်း အသင်းရှုံး၍ မပျော်ရွှင်ကြောင်း အောင်သူဆို

ဓာတ်ပုံ − Police Tero

Police Tero အသင်း၏ ထိုင်းလိဂ်-၁ အဖွင့်ပွဲတွင် ဂိုး သွင်းနိုင်ခဲ့သော်လည်း အသင်းရှုံး နိမ့်ခဲ့၍ မပျော်ရွှင်ကြောင်း တိုက် စစ်မှူးအောင်သူက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပရာချွတ်အသင်း နှင့် Police Tero အသင်းတို့ပွဲ တွင် တိုက်စစ်မှူးအောင်သူသည် ပွဲထွက်ကစားသမား ၁၁ ယောက် စာရင်း၌ ပါဝင်ပြီး ပွဲချိန်မိနစ် ၉၀ ပြည့်ကစားခဲ့သည်။ ယင်းပွဲတွင် ပွဲချိန် ၉ မိနစ် ၌ တိုက်စစ်မှူးအောင် သူက ဘရာဇီးကစားသမား မား ကို့စ်၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် Police Tero အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။

‘‘အသင်းအတွက် ပထမဦး ဆုံးဂိုးသွင်းခဲ့ရတဲ့အတွက် ၀မ်း သာမိပါတယ်။ အသင်းအတွက် ရော၊ မြန်မာပရိသတ်အတွက်ပါ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့အသင်း ပွဲအပြီးမှာ ရှုံးခဲ့ လို့ အပြည့်အ၀မပျော်ခဲ့ရပါဘူး။ အသင်းကို နိုင်စေချင်ပါတယ်။ ကျွန်တော်ဂိုးသွင်းဖို့ထက် အသင်း နိုင်ဖို့ကိုပဲ ပိုလိုချင်ပါတယ်’’ ဟု အောင်သူက ပရာချွတ်အသင်း ကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး၌ ပြော သည်။

အဆိုပါပွဲတွင် Police Tero အသင်းသည် ပွဲချိန်မိနစ် ၆၀ ကျော်အထိ ၂-၀ ဂိုးဖြင့်ဦးဆောင် နိုင်ခဲ့သော်လည်း နောက်ပိုင်းမိနစ် များတွင် အနိုင်ရလဒ်ကိုထိန်းက စားနိုင်ခြင်းမရှိသဖြင့် ပွဲအပြီး၌ အိမ်ရှင်ပရာချွတ်အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Police Tero အသင်းသည် ထိုင်းလိဂ်-၁ ဒုတိယပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် အိမ် ကွင်း၌ ဘန်ကောက်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ Police Tero အသင်း၏ ထိုင်းလိဂ်အဖွင့်ပွဲတွင် တိုက်စစ် မှူးအောင်သူကို မြန်မာပရိသတ် အများစုလာရောက်အားပေး သည်။ ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၈ ရာသီ ထိုင်းလိဂ်-၁ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်က စတင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၁၈ သင်းယှဉ်ပြိုင်နေသည်။