ဘာလီနှင့်ပွဲ၌ ရမှတ်ရရန် ကြိုးပမ်းမည်ဟု ရန်ကုန်နည်းပြပြော

 အေအက်ဖ်စီဖလားပြိုင် ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင် မည့် အင်ဒိုနီးရှားကလပ် ဘာလီ ယူနိုက်တက်နှင့်ပွဲ၌ အနိမ့်ဆုံး သရေ တစ်မှတ်ရရန် ကြိုးပမ်းမည် ဟု ရန်ကုန်နည်းပြ ဦးမျိုးမင်းထွန်း က ပြောသည်။

မြန်မာလိဂ်ကလပ် ရန်ကုန် ယူနိုက်တက်သည် ၂၀၁၈ အေ အက်ဖ်စီဖလား ပြိုင်ပွဲတွင် အုပ်စု (ဆ)၌ အင်ဒိုနီးရှားကလပ် ဘာလီ ယူနိုက်တက်၊ ဗီယက်နမ်ကလပ် သောင်ဟာ၊ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းတို့နှင့် ကျ ရောက်နေသည်။

ဘာလီယူနိုက်တက်နှင့် ရန် ကုန်အသင်းတို့ပွဲကို ဖေဖော်ဝါရီ ၁၃ ရက် (ယနေ့) မြန်မာစံတော် ချိန် မွန်းလွဲ ၂ နာရီတွင် အင်ဒိုနီး ရှားနိုင်ငံ ကမ်တန်မြို့ ဝါရမ်ဒစ်တာကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ဘာလီအသင်းက တိုက်စစ် ကစားတာ အရမ်းကောင်းပါ တယ်။ ကစားသမားကောင်းတွေ လည်း များတယ်။ သူတို့အသင်း ကစားပုံကို သေချာလေ့လာထား ပါတယ်။ ဒီပွဲက အုပ်စုအဖွင့်ပွဲဖြစ် လို့ ကျွန်တော်တို့အတွက် အရမ်း အရေးကြီးပါတယ်။ အုပ်စုနောက် တစ်ဆင့်တက်ဖို့အတွက် အဖွင့်ပွဲကို အရှုံးမခံပါဘူး။ အနိမ့်ဆုံး သရေတစ်မှတ် (သို့) အနိုင် သုံးမှတ်ရ အောင် ကြိုးစားသွားပါမယ်’’ဟု ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ် သည့် ပွဲကြိုသတင်းစာရှင်းလင်း ပွဲတွင် ဦးမျိုးမင်းထွန်းက ပြော သည်။

ဘာလီယူနိုက်တက်နည်းပြ ဝီဒိုဒိုက ‘‘ရန်ကုန်အသင်းက အ သင်းကောင်းပါ။ သူတို့မှာ နိုင်ငံ ခြားသား ကစားသမားတွေအပြင် မြန်မာ့လက်ရွေးစင် ကစားသမား ကောင်းတွေ ပိုင်ဆိုင်ထားပါ တယ်။ အိမ်ကွင်းဆိုပေမယ့် ရန် ကုန်အသင်းနဲ့ပွဲကို သတိထားပြီး ယှဉ်ပြိုင်သွားမှာပါ။ အကောင်း ဆုံးပြင်ဆင်ထားပါတယ်’’ဟု ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် အုပ်စု (ဇ)အခြားပွဲ၌ ဗီယက်နမ်ကလပ်   သောင်ဟာအသင်းက ဖိလစ်ပိုင်ကလပ်  ဂလိုဘယ်အ သင်းကို ၁-၀ ဂိုးဖြင့်  အနိုင်ရထား သည်။