ဒီဇယ်ဈေးအနည်းငယ် ပြန်တက်

စက်သုံးဆီဆိုင်တွင် ဆီဖြည့်တင်းနေသော ယာဉ်တစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 နိုင်ငံခြားငွေလဲနှုန်းကျ သော်လည်း ပြည်တွင်းဒီဇယ်ဈေးသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်လည် မြင့်တက်လာသည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဖေ ဖော်ဝါရီ ၁၂ ရက်က တစ်ဒေါ် လာလျှင် ၁,၃၂၆ ကျပ်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာထက် တစ်ဒေါ်လာ ၃၀ ခန့် လျော့ကျခဲ့သည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် ယခုရက်ပိုင်းအတွင်း တစ်စည်လျှင် တစ်ဒေါ်လာခန့် ဈေးကျသော်လည်း ပြည်တွင်းဒီဇယ်ဈေး အနည်းငယ် တက်လာကြောင်း ဈေးကွက်စာရင်းများတွင် ဖော်ပြ ထားသည်။

ပြည်တွင်း စက်သုံးဆီဈေး သည် ဖေဖော်ဝါရီ ၁၂ ရက်က အောက်တိန်း ၉၂ တစ်လီတာ လျှင်ကျပ် ၈၁၀ ဖြင့် ရောင်းချနေပြီး ဇန်န၀ါရီကထက် ကျပ် ၁၀ လျော့သော်လည်း အောက်တိန်း ၉၅ သည် ဈေးအပြောင်းအလဲ မရှိဘဲ တစ်လီတာလျှင် ကျပ် ၈၅၀ ဖြင့် ရောင်းချနေသည်။

သို့သော် ဒီဇယ်ဆီသည် တစ် လီတာ ကျပ် ၈၄၀ ခန့်နှင့် အဆင့်မြင့် ဒီဇယ်တစ်လီတာ ကျပ် ၈၆၀ ခန့်ရှိဖြင့် ရောင်းချနေပြီး ယင်းဈေးနှုန်းသည် ဇန်န၀ါရီကထက် တစ်လီတာ ကျပ် ၁၀ စီ မြင့်တက်ခဲ့ သည်။

‘‘အောက်တိန်းက အကျ ဘက်ဦးတည်နေပေမယ့် ဒီဇယ် ဆီက ပြန်တက်နေတာတော့ ဈေး ကွက်မှာ ထူးခြားနေတယ်။ ဒါက ၀ယ်လိုအားကြောင့်လို့ ယူဆကြ တယ်။ အမှန်ဆိုရင်တော့ ကမ္ဘာ့ရေနံစိမ်းဈေးရော ဒေါ်လာဈေးပါကျနေတဲ့အတွက် စက်သုံးဆီဈေးကလည်း ကျနေရမှာ’’ ဟု စက်သုံးဆီရောင်းဝယ်ရေး ဈေး ကွက်ကျွမ်းကျင်သူ ကိုအောင်သူမျိုးက ပြောကြားသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်း သိသာစွာကျဆင်းမှုမရှိခြင်း နှင့် ပတ်သက်၍ စက်သုံးဆီ အ ရောင်းဆိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန် အသိပေးခြင်း မရှိပေ။ ‘‘ဆီဈေးက ကုမ္ပဏီက သတ်မှတ်နှုန်းအတိုင်း ရောင်းရ တာ။ ကျွန်တော်တို့ ဆုံးဖြတ်လို့ မရဘူး။ ဒါကြောင့် ဈေးနှုန်းအ ပြောင်းအလဲနဲ့ပတ်သက်လို့ မပြောတတ်ဘူး’’ ဟု မက်စ်စက်သုံးဆီ အရောင်းဆိုင်ခွဲ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ၂၀၁၇ ဇွန်လကစ၍ မြင့်တက်လာပြီး လက်ရှိ ဖြစ်ပေါ်နေသော ဈေးနှုန်းသည် ၂ နှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်ကြောင်း စက်သုံးဆီဈေးကွက်မှ သိရသည်။