သက်ကြီးဘောလုံးသမားများ ကန်တော့ပွဲ အောင်လံတွင် ပထမဆုံးအကြိမ်ပြုလုပ်

 အောင်လံမြို့နယ်အ တွင်းရှိ အသက်(၆၀)နှင့်အ ထက် သက်ကြီးလက်ရွေးစင် ဘောလုံးသမားများ ပူဇော်ကန် တော့ပွဲကို အားကစားဦးစီးဌာန က ဦးဆောင်၍ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသည်။

အောင်လံမြို့နယ် အားက စားခန်းမတွင် ကျင်းပပြီး မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် နိုင်ငံဘောလုံးအား ကစား လက်ရွေးစင်များဖြစ်သော အောင်လံဒေသခံ သက်ကြီး အဘိုး ၃၅ ဦးအား မျိုးဆက်သစ် လူငယ်ဘောလုံးကစားသမားများ နှင့် ဘောလုံးကော်မတီ၊ စိတ်ပါဝင်စားသူ ပြည်သူများက ပူဇော် ကန်တော့ခဲ့သည်။

‘‘သက်ကြီးဘောလုံးအားက စားသမားတွေကို လူငယ်မျိုးဆက် သစ်တွေက တန်ဖိုးထားတတ်လာ အောင်၊ သူတို့ရဲ့ ကြိုးစားအား ထုတ်ခဲ့ရပုံတွေ အတုယူတတ်စေ ပြီး ဘောလုံးအားကစားကို မျိုး ဆက်တစ်ခုကနေ နှစ်ပေါင်းများ စွာအထိ ရှင်သန်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီကန်တော့ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ နောင် နှစ်တိုင်း ကျင်းပနိုင်ဖို့ကိုလည်း ရည်ရွယ်အစပျိုးပေးခဲ့တာ ဖြစ်ပါ တယ်’’ ဟု အောင်လံမြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာန မြို့နယ်အားကစားမှူးဒေါ်ခင်လပြည့်ဝန်းက ပြောသည်။

လက်ရှိတွင် အသက်(၆၀) နှစ်အထက် မြို့နယ်၊ ခရိုင်၊ တိုင်း လက်ရွေးစင်ဘောလုံးအားကစား သမား ၃၄ ဦးနှင့် အာရှလက် ရွေးစင်ဖြစ်ခဲ့သည့် အားကစား သမားတစ်ဦး စုစုပေါင်း ၃၅ ဦးကိုငွေသား၊ တဘက်၊ အ၀တ်အထည် နှင့် ဆိုင်ကယ်အခမဲ့ ဆီဖြည့်ကတ်များဖြင့် ကန်တော့ခဲ့ပြီး မျိုးဆက်သစ်အားကစားသမား များနှင့် အားကစားပညာစိတ် ပါဝင်စားသူများက ပံ့ပိုးခြင်းဖြစ် ကြောင်း အောင်လံမြို့နယ် အား ကစားနှင့် ကာယပညာဦးစီးဌာန  တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်လံမြို့နယ်တွင် အား စားပညာအထူးပြု သက်ကြီးပူ ဇော်ပွဲများကို မြန်မာ့ရိုးရာခြင်း လုံးအားကစားသမားများက စတင်ကျင်းပခဲ့သည်။

နှစ်စဉ်တန်ဆောင်မုန်းလ ပြည့်နေ့တွင် သက်ကြီးရိုးရာခြင်း လုံး(၀ိုင်းခြင်း)အားကစားသမား များကို လူငယ်မျိုးဆက်သစ်များ က တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ကန်တော့ခြင်းဖြစ်ပြီး ခြောက်နှစ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကြောင်း မဟာမျိုးနွယ်ရိုးရာခြင်း အဖွဲ့ဦးဆောင်သူ ကိုအောင်လေးက ပြောသည်။