သထုံခရိုင်အတွင်း ဂိလာနသံဃာ့ဆေးရုံဖွင့်လှစ်

သထုံခရိုင်ဆေးရုံဝင်းအ တွင်း ဂိလာနသံဃာ့နှစ်ထပ်ဆေး ရုံကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည် ထောင်စုနေ့)က စတင်ဖွင့်လှစ် သည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ခွင့်ပြုချက်ဖြင့် ၂၀၁၅ ကစတင်ကာ အဆိုပါ သံဃာ့ဆေးရုံ ဆောက်လုပ်ခဲ့ပြီး မကျန်းမာသောသံဃာတော်နှင့် သီလရှင်များသည် သံဃနာယကအဖွဲ့များ ခွင့်ပြုချက်ဖြင့် အဆိုပါ ဆေးရုံသို့ တက်ရောက် ဆေးကုသနိုင်မည်ဖြစ်သည်။ သံဃာတော်နှင့် သီလရှင်အပါး ၄၀ တက်ရောက်ကုသနိုင်မည်ဖြစ်ပြီး ဆေးရုံမှ ဆွမ်းဝေယျာဝစ္စအပါအ၀င် အခြားလိုအပ် သည်များ အခမဲ့လှူဒါန်းပေးမည်ဟု သထုံမြို့  ဂိလာနသံဃာတော်များ စောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရွှေသင်းက ပြောသည်။

ဂိလာန သံဃာတော်များ သည် ဒါယကာ၊ ဒါယိကာမများ နှင့် ရောနှောပြီး ဆေးဝါးကုသနေ ရသဖြင့် ၀ိနည်းသိက္ခာပုဒ်အရအာပတ်အပြစ်မှ မလွတ်နိုင်သော ကြောင့် ၁၉၅၃ ကစတင်ကာ အ များပြည်သူလှူဒါန်းငွေများဖြင့် သထုံခရိုင်ဆေးရုံကြီးဝင်းအတွင်း ဂိလာနသံဃာ့ဆေးရုံကို ဆောက် လုပ်အသုံးပြုခဲ့သည်။ သို့သော် နှစ်ကာလကြာမြင့်ကာ ဟောင်းနွမ်း နေသဖြင့် နှစ်ထပ် ဆေးရုံသစ် ကြီးကို စေတနာ အလှူရှင်များ ထည့်ဝင်ငွေများဖြင့် ကျပ်သိန်း ၂,၀၀၀ ကျော် (၂,၄၆၆သိန်းခန့်)အကုန်ကျခံ၍ ဆောက်လုပ်ခဲ့ ကြောင်း တည်ဆောက်ရေးကော် မတီ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘တက်ရောက် ကုသမယ့် သံဃာတော်တွေအပြင် သီလရှင် တွေအတွက်လည်း စီစဉ်ဆောင် ရွက်ထားပါတယ်။ ဆေးလည်း ကု၊ ကုသိုလ်လည်းရတာပေါ့’’ ဟု သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက် တာ သင်းသင်းအိက ပြောကြားသည်။

အဆိုပါ သံဃာ့ဆေးရုံတွင် အလှူရှင်များက သွားဆေးခန်း သုံး ပစ္စည်းများ၊ ကျောက်ကပ် ဆေးစက် နှစ်လုံး လှူဒါန်းရန် အစီအစဉ်ရှိကြောင်း၊ ယင်းစက်ပစ္စည်းများရောက်ရှိလာပါက သွားဘက်ဆိုင်ရာ ဆေးကုသပေးနိုင်မည့်အပြင် ကျောက်ကပ်ဝေဒနာရှင်သံဃာတော်၊ သီလရှင်များအပါအ၀င် မြို့သူ မြို့သားများ ရပ်ဝေးသို့ သွားရောက်ကုသရန် မလိုတော့ဘဲ ကျောက်ကပ် အထူးကုဆရာဝန်နှင့် ချိတ်ဆက်ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်က ပြောသည်။