အောင်လံအမှတ်(၂)ဈေးသစ်ဖွင့်သည့်ရက်တွင် ဆိုင်ခန်းထက်ဝက်ကျော်သာ ဖွင့်လှစ်

 အောင်လံမြို့အမှတ် (၂)ဈေးရှိ ဆိုင်ခန်းအားလုံး ဖေ ဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ် မည်ဟု စီစဉ်ထားသော်လည်း ဆိုင်ခန်း ၅၀ ရာခိုင်နှုန်းကျော်သာ ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ဈေး ဆိုင်ခန်းရှင်များက ပြောသည်။

အဆိုပါ ဈေးတွင်ဆိုင်ခန်း သစ် ၁၂၉ ခန်းနှင့် ယခင်ဆိုင်ခန်း များအပါအ၀င် ဆိုင်ခန်း ၁၇၁ ခန်းရှိပြီး ယခုဆိုင်၁၀၀ ကျော်သာ ဖွင့်လှစ်ခဲ့သည်။


 အောင်လံမြို့အမှတ်(၂) ဈေးကို ပြီးခဲ့သည့် နှစ်ဧပြီက တည်ဆောက်ပြီးစီးခဲ့သော်လည်း ဆိုင်ခန်းပိုင်ရှင်များ ဖွင့်လှစ်ရောင်းချခြင်းမရှိ၍ ယခင်လများက မကွေးတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ဆိုင်ခန်းရှင်များနှင့် လာရောက်ညှိနှိုင်းပြီး ယမန်နေ့ (ပြည်ထောင်စုနေ့)တွင်ဆိုင်ခန်းအားလုံးဖွင့်လှစ်ရန် သဘောတူခဲ့သည်။

‘‘အမှတ်(၂)ဈေးက ရွာ ဘက်ကကားတွေ ရပ်နားမယ်ဆို ရင်တော့ ဈေးရောင်းရနိုင်ပါတယ်။  စည်ပင်ကော်မတီအနေနဲ့ လုပ် ပေးမယ်လို့လည်း ကနဦးသဘော တူထားတယ်။ ဒါကိုစောင့်နေတာ လည်း ပါမှာပေါ့။ ဆိုင်တွေမဖွင့် ကြသေးတာ။ အခုကတော့ အ ရင်းအနှီး လိုအပ်ချက်ရှိနေတာ ရယ်၊ ဖွင့်လှစ်ပြီးမှ မရောင်းရရင် ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် မဖွင့် ဖြစ်ကြသေးတာနေမှာပါ’’ဟု အ ဆိုပါဈေးရှိဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

 ဈေးသစ်တွင် ၀ယ်သူများ စည်ကားလာစေရန် ဒေသအာ ဏာပိုင်များ၏ ပံ့ပိုးကူညီမှုများ လိုအပ်ပြီး ဆိုင်ခန်းရှင်များ ညီညီ ညွတ်ညွတ်နှင့် ဖွင့်လှစ်ရောင်းချ လျှင် အောင်မြင်နိုင်ကြောင်း ဆိုင် ခန်းပိုင်ရှင်များ ကော်မတီအဖွဲ့ ၀င်ဦးအောင်ကိုလေးက ပြောသည်။

အမှတ်(၂)ဈေး စည်ကား ရန်ကား၊ ဆိုင်ကယ်ယာဉ် ရပ်နားခများနှင့် ပျံကျဈေးသည်များ လာရောက်ရောင်းချခြင်းကို အခွန်ကောက်ခံခြင်း မပြုဘဲ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောသည်။