မောင်တောရှိ ဟိန္ဒူမိသားစုများနှင့် မာရမာကြီးမိသားစုများအတွက် နေအိမ်များ တည်ဆောက်ပေးစေလိုဟုဆို

စစ်တွေ ဒုက္ခသည် စခန်းမှ မောင်တောမြို့နယ်သို့ ပြန်လာပြီးနောက် ယာယီတဲများဖြင့် နေထိုင်နေရသူ ဟိန္ဒူဘာသာဝင် မိသားစုများနှင့် မာရမာကြီးမိသား စုများအတွက် နေအိမ်များတည် ဆောက်ပေးစေလိုကြောင်း ယင်း မိသားစုဝင်များက ပြောသည်။

၂၀၁၇ သြဂုတ် အကြမ်းဖက် မှုဖြစ်ပွားပြီးနောက် သောင်းချီ သော တိုင်းရင်းသား၊ ဟိန္ဒူဘာ သာဝင်နှင့် မာရမာကြီးမိသားစုတို့ သည် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။


ယင်းနောက် စစ်တွေဒုက္ခ သည်စခန်းရှိ မိသားစုဝင်များကို မောင်တောမြို့သို့ ပို့ဆောင်ကာ ယာယီတဲများဖြင့် နေရာချထားခဲ့ သည်။

‘‘မောင်တောကို ပြန်ပို့တဲ့အ ခါ အိမ်ဆောက်ပေး၊ လိုအပ်တာ အားလုံး ပံ့ပိုးပေးမယ်လို့ ပြောတဲ့ အတွက် ပြန်လာပါတယ်။ အခု ဒီကို ပြန်ရောက်လာ သုံးလ လောက်ရှိနေပါပြီ။ အိမ်လည်း မရှိ၊ အိမ်သာလည်းမရှိ၊ ချိုးဖို့ရေ လည်းမရှိဖြစ်နေပြီး ဒုက္ခရောက် နေကြရပါတယ်’’ ဟု မောင်တော မြို့နယ် ကြိမ်ချောင်းဈေး မီး လောင်ပြင်တွင် ယာယီတဲဖြင့် နေ ထိုင်သူ မာရမာကြီး အမျိုးသမီး ဒေါ်လှကျော့စိန်က ပြောသည်။

အလားတူ မောင်တောမြို့  မြို့မကညင်တန်းရှိ ဒုက္ခသည်အ ဆောင်များတွင် နေထိုင်သော ဟိန္ဒူဘာသာဝင်များသည် နေ့အ ချိန် အပူရှိန်ပြင်းထန်မှုကြောင့် အဆောင်များ၌ နေထိုင်ရန် ခက်ခဲနေပြီး နေအိမ်အမြန်ဆုံး တည်ဆောက်ပေးစေလိုကြောင်း ဟိန္ဒူဘာသာဝင် မိသားစုဝင်များ က ပြောသည်။

‘‘မကြာခင် မိုးတွင်းရောက် တော့မယ်။ ကျွန်တော်ကိုယ့်အိမ် နဲ့ ကိုယ်နေချင်နေပါပြီ။ ဘာပဲ လုပ်စားလုပ်စားရ ဒီဒုက္ခသည် စခန်းမှာ မနေချင်တော့ပါဘူး။ နေအိမ်တွေ အမြန်တည်ဆောက် ပေးဖို့ တောင်းဆိုချင်ပါတယ်’’ ဟု ဟိန္ဒူဘာသာဝင်တစ်ဦးက ပြော သည်။

More in Regional Section