မွန်ပြည်နယ်တွင် ကွမ်းရွက်ဈေး တစ်ပိဿာ ကျပ် ၂,၀၀၀ ကျော်ကျဆင်း

မော်လမြိုင်မြို့ရှိ ကွမ်းရွက်ဖြန့်ချိရေးလုပ်ငန်းခွင်တစ်ခုအတွင်း မြင်ရစဉ်(ဓာတ်ပုံ - သန္တာလှိုင်)

 မွန်ပြည်နယ်တွင် သုံးရက်အတွင်း  ကွမ်းရွက်ဈေး တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း မော်လမြိုင်မြို့ရှိ ကွမ်းရွက်ဖြန့်ချိ သူများက ပြောသည်။

 ပြည်နယ်အတွင်း ယခင်က ကွမ်းရွက် တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ခန့်အထိ သာရှိပြီး ဖေဖော်ဝါရီ ပထမအ ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ ထိ ဈေးတက်လာကာ ဖေဖော်ဝါရီ ၁၁ ရက်ကစ၍ ဈေး ပြန်ကျပြီး တစ်ပိဿာလျှင် ကျပ် ၁၀,၅၀၀ မှ ၁၂,၀၀၀ သာဈေးရှိခဲ့ ကြောင်း ကွမ်းရွက်ဖြန့်ချိသူများ က ပြောသည်။

‘‘ဒီသုံးရက်အတွင်းမှာပဲ ပြန် ကျသွားတာ။ ပြန်တက်ဖို့တော့ မရှိတော့ပါဘူး။ မုံရွာဘက်က ကွမ်းတွေရောက်နေပြီဆိုတော့ ကွမ်းဈေးက ပြန်ကျသွားတဲ့သ ဘောပါ။ ကွမ်းဖြန့်ချိရေးလုပ်လာ တာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒီ လိုဈေးအရမ်းမြင့်တက်သွားတာ တစ်ခါမှ မကြုံဖူးဘူး။ အခုဈေးနှစ် ထောင်ခန့်လောက် ပြန်ကျသွား တယ်’’ ဟု မော်လမြိုင်မြို့ရှိ ကွမ်း ရွက်ဖြန့်ချိသူ ကိုငြိမ်းစိုးက ပြော သည်။


ကွမ်းရွက်များသည် ကျိုက် ထို၊ သထုံမြို့နယ်တို့မှ အဓိက ထွက်ရှိပြီး ၎င်းဒေသများမှ ထွက်ရှိသော ကွမ်းရွက်များကို မော်လမြိုင်မြို့မှတစ်ဆင့် အခြားဒေသများသို့ဆက်လက်ဖြန့်ချိရကြောင်း၊ ကွမ်း ရွက်ဈေးမြင့်တက်သည့် ကာလ အတွင်း  ဝယ်လိုအားကျဆင်း ကြောင်း ကိုငြိမ်းစိုးက ပြောသည်။

‘‘ကွမ်းရွက်ဈေးတက်သွား တော့ ကွမ်းယာဆိုင်တွေက ဝယ် ယူမှုကျသွားတယ်။ မုံရွာဘက်မှာ မိုးရွာလိုက်တော့ ကွမ်းရွက်ထွက် တဲ့အချိန်မှာ ကွမ်းမထွက်နိုင်ဘူး။ အဲဒါကြောင့် မွန်ပြည်နယ်က ကွမ်း ရွက်တွေကို အသုံးပြုလာတယ်။ အခုမုံရွာဘက်က ကွမ်းရွက်တွေ ဝင်လာပြီဆိုတော့ ကွမ်းဈေးကျ သွားတဲ့သဘောပါ။ ရှေ့ဆက်ထပ်ကျ၊ မကျတော့ အတိအကျ မပြောနိုင်သေးဘူး’’ ဟု မော်လမြိုင်မြို့ ဈေးအနီး သထုံတံတားလမ်းတွင် ကွမ်းရွက်ဖြန့်ချိသူ ကိုကျော်ဖြိုး ဝေက ပြောသည်။

 ကွမ်းရွက်ဈေးများ တက်လာသဖြင့် ကွမ်းယာတစ်ယာလျှင် ကျပ် ၅၀ ထိ ဝယ်ယူစားသုံးရပြီး ယခုရက်ပိုင်းတွင် ကွမ်းဈေးအ နည်းငယ် လျော့ကျသော်လည်း ကျပ် ၅၀ ဖြင့်သာ ဝယ်ယူစားသုံး နေရကြောင်း ကွမ်းယာစားသုံးသူ ဦးစီနာက ပြောသည်။