ရာသီဥတု ပြောင်းလဲမှုကြောင့် ချောင်းဦးမြို့နယ်အတွင်း သခွားမွှေးအထွက်နှုန်း လျော့ကျ

ရာသီဥတုပြောင်းလဲမှု ကြောင့် ချောင်းဦးမြို့နယ်အတွင်း စိုက်ပျိုးသော သခွားမွှေးအထွက် နှုန်း လျော့နည်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင် ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်း က မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းနှင့် ဖေဖော်ဝါရီအတွင်း အ အအေးဓာတ်ပိုများခြင်းကြောင့် ချောင်းဦးမြို့နယ် ပေါက်အင်းဒေ သ သခွားမွှေးစိုက်ခင်းများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

‘‘ပြီးခဲ့တဲ့ ပြာသလိုလအ တွင်းတုန်းက မုန်တိုင်းနဲ့ အတူပါ လာတဲ့မိုးကြောင့် သခွားမွှေးစိုက် ခင်းတွေ ပိုမွှားကျဆင်းတာတွေရှိ တယ်။ ဒီလ (ဖေဖော်ဝါရီလ) ထဲ မှာ နှင်းဖြိုင်ဖြိုင်ကျတော့ အသီး ရင့်တဲ့ စိုက်ခင်းတချို့ ကွဲအက် ပျက်စီးမှုတွေ ပိုများလာတယ်’’  ဟု ဦးစိုးလွင်က ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း သခွားမွှေးစိုက်ခင်းများကို ယခင် နှစ်များက တစ်ဧကလျှင် သခွား မွှေး ၁၅ တန်ခန့် ထွက်ရှိခဲ့သော် လည်း ယခုနှစ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် သခွားမွှေး ၁၀ တန်ခန့်သာ ထွက်ရှိခဲ့ကြောင်း ၎င်းကပြောသည်။

‘‘ရာသီဥတုအပြောင်းအလဲ ကြောင့် ဖရဲသီးအထွက်မလျော့ ပေမယ့် သခွားမွှေးကတော့ အ ထွက်လျော့တယ်။ ဒီနှစ်ပေါက် အင်းထဲမှာ ရေထိန်းထုတ်တာဆို တာ့ မြေနိမ့်ပိုင်းက စိုက်ခင်းတွေ နောက်ကျတယ်။ စောစောစိုက် လို့ရတဲ့ သခွားမွှေးစိုက်ခင်းတွေက တော့ အပျက်စီးပိုးများတာပေါ့’’ ဟု ချောင်းဦးမြို့နယ် မင်းခေါင် ကျေးရွာဒေသခံ သခွားမွှေးစိုက် တောင်သူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ဖရဲသီးစိုက်ဧက ရှစ်သောင်း ခန့်နှင့် သခွားမွှေးစိုက်ဧက နှစ် သောင်းငါးထောင်ခန့် စိုက်ပျိုးခဲ့ ကာ ပြီးခဲ့သည့်နှစ် မေလခန့်အထိ စိုက်ပျိုးထားသည့် ဖရဲ၊ သခွားမွှေး၊သစ်သီးများ ယခုအခါဈေးကွက်သို့   တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း တိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။