မော်လမြိုင်တွင် ဓာတ်ဆီရောင်းသည့်အိမ်မီးလောင်၍ တစ်ဦးဒဏ်ရာရ၊ ကျပ်သိန်းတစ်ရာကျော်ဖိုးဆုံးရှုံး

မီးလောင်ကျွမ်းသည့် နေအိမ်ကို ၀ိုင်းဝန်းငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ဈေးရှေ့ဓာတ်ဆီ ရောင်းသည့်နေအိမ်တွင် မီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိကာ ကျပ်သိန်းတစ်ရာ ကျော်ဖိုးဆုံးရှုံးခဲ့ကြောင်း မော်လ မြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဓာတ်ဆီ ရောင်းချသည့် ဦးဇော်မင်းနေအိမ် မှ မီးစတင်လောင်ကျွမ်းရာ နေ အိမ်နှစ်လုံး၊ အလူမီနီယံအလုပ် ရုံနှင့် ကားနှစ်စီး မီးလောင်ကျွမ်း ခဲ့သဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဆုံးရှုံး ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်သည်။ 

‘‘မွန်ပြည်နယ် မီးသတ်ဦးစီး မှူး ဦးတင်မောင်နီနဲ့ မီးသတ်တပ် ဖွဲ့ဝင်တွေ၊ ရပ်ကွက်သူရပ်ကွက် သားတွေ မီးဝိုင်းသတ်ပေးလို့ ၁ နာရီ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ တယ်။ ဓာတ်ဆီရောင်းတဲ့ ဦးဇော် မင်းက တစ်ကိုယ်လုံး မီးဟတ်ခံ ရလို့ မီးလောင်ဒဏ်ရာနဲ့ မော်လ မြိုင်ဆေးရုံတင်ထားရတယ်။ လူ သေဆုံးမှုမရှိဘူး။ လူတစ်ဦးပဲ ဒဏ်ရာရရှိခဲ့တယ်’’ဟု မြို့နယ်မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါမီးလောင်မှုကြောင့် ဆိုင်ရှင် ဦးဇော်မင်းကို မော်လမြိုင် မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။ 

‘‘လူသေတယ်လို့ သတင်း ထွက်နေတာ မဟုတ်ပါဘူး။ ဒီ ဓာတ်ဆီဆိုင်မှာ ကျွန်တော်တို့ပဲ အလုပ်လုပ်တယ်။ ဦးဇော်မင်းပဲ မီးထိသွားတယ်’’ဟု ၎င်းဓာတ်ဆီ ဆိုင်တွင် အလုပ်လုပ်ကိုင်သည့် မောင်အေးမင်းက ပြောသည်။