ထိုင်းကျောင်းသူအသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားလေးဦးကို မတ်လ ၂၉ ရက် အမိန့်ချမည်

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာလုပ်သားလေးဦးကို တရားရုံး၌ ၂ နှစ်ခွဲကြာ ရုံးထုတ်စစ်ဆေးပြီးနောက် မတ်လ ၂၉ ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု ထိုင်းတရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ 

၂၀၁၅ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့တွင် အသက်(၁၈)နှစ် အရွယ် ထိုင်းကျောင်းသူတစ်ဦးကို မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်က တုံးနှင့် ဝေလင်းတို့က ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသောသံ သယဖြင့် ထိုင်းရဲတပ်ဖွဲ့က ယင်း နှစ် အောက်တိုဘာ ၂၀ ရက်၌ ဖမ်းဆီးခဲ့သည်။ 

၎င်းတို့လေးဦးကို တရားရုံး ချိန်း ၄၀ ခန့် ရုံးထုတ်စစ်ဆေးအ ပြီးတွင် ထိုင်းတရားသူကြီးက အပြီးသတ်အမိန့်ချရန် ဆုံးဖြတ် ခဲ့ကြောင်း ရနောင်းလူသတ်မှုတွင်  မြန်မာလုပ်သားလေးဦးအရေး ကူညီပေးနေသော ထိုင်းနိုင်ငံ တောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ ကိုမင်းဦးက ပြောသည်။ 

ဖေဖော်ဝါရီ ၉ ရက်က ပြု လုပ်သော ရနောင်းလူသတ်မှု နောက်ဆုံးရုံးချိန်းတွင် စိန်ကတုံး ၏အမေ ဒေါ်နီတွတ်ကို စစ်ဆေး မေးမြန်းခဲ့ကြောင်း ကိုမင်းဦးက ပြောသည်။ 

ထို့အပြင် တရားခံဘက်မှ သက်သေ ၁၄ ဦးနှင့် တရားလို ဘက်မှ သက်သေ ၁၁ ဦးကို ထိုင်း တရားရုံးက စစ်ဆေးခဲ့သည်။ မြန်မာလုပ်သားလေးဦးအတွက် တရားခံများဘက်မှ သက်သေ ထွက်ဆိုပေးသူများတွင် ၎င်းတို့၏ အလုပ်ရှင် ထိုင်းသူဌေးအပါအ ဝင် ၎င်းတို့၏မိသားစုဝင်များ ပါဝင်သည်။ အလုပ်ရှင်က စွပ်စွဲခံ မြန်မာလုပ်သားလေးဦးသည် အ

ခင်းဖြစ်ပွားချိန်၌ လုပ်ငန်းခွင်တွင် ရှိနေသည်ဟု ထွက်ဆိုထားသည်။ 

စွပ်စွဲခံမြန်မာလုပ်သားလေး ဦးကလည်း လူသတ်မှုကျူးလွန် ခြင်းမရှိကြောင်း တရားရုံး၌ ငြင်း ဆိုထားသည်။ 

‘‘ရနောင်းအမှုကတော့ လိပ် ကျွန်းလိုမဟုတ်ဘူး။ တော်တော် လေး အားရတယ်။ ကိုယ့်ဘက်က အရမ်းအားသာချက်တွေရှိတယ်။ ရလဒ်ကောင်းတွေ ထွက်မယ်လို့ လည်း မျှော်လင့်တယ်။ လာမယ့် မတ်လ ၂၉ ရက်မှာ အမိန့်ချမယ် လို့ ချိန်းထားတယ်’’ဟု ကိုမင်းဦး က ပြောသည်။ 

ထို့အပြင် ၂ နှစ်ခွဲအတွင်းရုံးထုတ်စစ်ဆေးရာ၌ တရားခံများ ဘက်မှ တရားရုံးချိန်းပျက်ကွက် ခြင်းမရှိသော်လည်း တရားလို သက်သေများ တရားရုံး မလာ ရောက်မှုကြောင့် ရုံးချိန်း (၁၀)ကြိမ်ခန့် ပျက်ကွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

စွပ်စွဲခံမြန်မာလုပ်သားလေး ဦးအနက် အသက်မပြည့်သေး သည့် မိုးဇင်အောင်နှင့် ကျော်စိုး ဝင်းတို့ကို ရနောင်းမြို့ ကလေးသူ ငယ်တရားရုံးတွင် ရုံးထုတ်စစ် ဆေးခဲ့သည်။ လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနှင့် လိမ်လည်ထွက်ဆိုမှု စသည့် ပုဒ်မသုံးခုဖြင့် ၎င်းတို့လေး ဦးကို တိုင်းရဲတပ်ဖွဲ့က တရားစွဲ ဆိုထားသည်။ 

သေဆုံးသူ ထိုင်းကျောင်းသူ ၏မိခင်သည် မြန်မာနိုင်ငံသား ဖြစ်ပြီး ဖခင်သည် ထိုင်းနိုင်ငံသား ဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာ ရေလုပ်သားနှစ်ဦးသည် ထားဝယ်မြို့ဇာတိဖြစ်ကြောင်း သိရသည်။ 

မြန်မာလုပ်သားလေးဦး၏ အမှုကို ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ၊ ထိုင်းနိုင်ငံလူ့အခွင့်အ ရေးရှေ့နေအဖွဲ့နှင့် ပညာရေးနှင့်

ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)အဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေသည်။ ယင်းလူသတ် မှုနှင့်ပတ်သက်၍ လိုက်ပါဆောင် ရွက်မည့် ကုန်ကျစရိတ်ကို ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော် ဇော်က ကူညီထောက်ပံ့ထား သည်။ 

အဆိုပါအမှုတွင် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်အ တိုင်း သက်သေအထောက်အ ထား တိတိကျကျမရှိဘဲ ဖမ်းဆီးထားကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ဦးထူးချစ်က ပြောသည်။ 

၂၀၁၄ စက်တင်ဘာက လည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ ဗြိတိန်စုံတွဲအသတ် ခံရမှုနှင့်ပတ်သက်ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုအပါအဝင် ပုဒ်မခုနစ်ခုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ်အပြစ် ပေးထားသည်။