နေပြည်တော်တွင် ဗုံးသီးဟောင်းပေါက်ကွဲရာမှ ကလေးနှစ်ဦးဒဏ်ရာရ

 နေပြည်တော် ဥတ္တရသီရိမြို့နယ် တက်ရှိန်းနယ် မြေတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) က ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဥတ္တရသီရိမြို့နယ်မှ  ရဲအရာရှိတစ်ဦးက ပြောသည်။

ဥတ္တရသီရိမြို့နယ် သရက် တောအုပ်စု ဘုန်းကြီးလျှိုကျေးရွာ တွင် နံနက် ၈ နာရီခန့်က မိသားစု မီးလှုံနေစဉ် ကလေးငယ်က လက်ပစ်ဗုံးဟောင်းကို မီးပုံထဲသို့ ရုတ်တရက် ပစ်ထည့်လိုက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ  ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် က လေးငယ်နှစ်ဦးသည် ခုတင်တစ် ထောင်ဆေးရုံတွင် တက်ရောက် ကုသနေပြီး အသက်အန္တရာယ်မ စိုးရိမ်ရကြောင်း ဆေးရုံသို့ ရောက် ရှိခဲ့သူ အထက်ပါဒေသခံက ဆို သည်။

‘‘ကလေးတွေ သူ့ဘာသာသူ ကောက်ရပြီးတော့ ဗုံးမှန်းတောင် မသိဘူး။ သူ့ဘာသာသူ ဆော့ရင်း နဲ့ ဖြစ်တာ။ ဗုံးက အရောင်တောင် မရှိတော့ပါဘူး’’ ဟု ဥတ္တရသီရိမြို့ နယ် မြို့နယ်မှူး ရဲမှူးစိန်ဝင်းက ပြောသည်။

၄၀ မမ ဗုံးသီးဟောင်းပေါက် ကွဲခြင်းဖြစ်ပြီး မြို့နှင့် အလှမ်းဝေး သည့် ကျေးရွာတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘ကားလမ်းမပေါ်မှ ဖြစ်တာ မဟုတ်ပါဘူး။ ရွာထဲမှာ ဖြစ်တာ ပါ’’ ဟု ရဲမှူးစိန်ဝင်းက ပြော သည်။

ယနေ့ နံနက် ၈ နာရီအချိန် နေပြည်တော် ဥတ္တရသီရိမြို့နယ် စည်ပင်သာယာကျေးရွာ ကြပ် မြှောင်တဲစုနေ ကံထူးမောင် (၁၀) နှစ် (ဘ) ဦးအောင်ဇော်လွင်သည် ၎င်းကောက်ရထားသည့် ၄၀ မမ ဗုံးသီးဟောင်း တစ်လုံးကို နေအိမ် အနောက်ဘက်ရှိ မီးလှုံရန်ဖိုထား သည့် မီးပုံအတွင်းသို့ ပစ်ချခဲ့ရာ မှ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးဖိုနှင့် (၁၀) ပေအကွာ အဆိုပါတဲစုနေ မပြည့်ဖြိုးခိုင် (၁၃) နှစ်နှင့် မပြည့်  ဖြိုးခိုင် ပွေ့ချီထားသည့် ဝေယံ ဟိန်း (၁)နှစ်နှင့်ခြောက်လ(ဘ) ဦးဖိုးဖြူတို့တွင် ယာခါး၊ ဖနောင့်၊ ဝဲနား၊ တင်ပါးတို့တွင် ဗုံးစထိ မှန်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ ကာ ကျွဲတင်းကုပ်ရှိ    ကျွဲမတစ် ကောင်၊ ကျွဲပေါက်စတစ်ကောင် တို့တွင်လည်း ဗုံးစများ ထိမှန်ခဲ့ ကြောင်းနှင့် ဒဏ်ရာရရှိသူ မပြည့် ဖြိုးခိုင် ပါ နှစ်ဦးကို နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က   သတင်းထုတ် ပြန်ထားသည်။