ရုပ်ရှင်အကြိုခံစားခြင်း

မျက်နှာပြင်များ

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာ အက်ရှင်ဦးစားပေး ရိုက်ကူး ထားတဲ့ ဇာတ်ကားတစ်ကားကို ညွှန်းပေးချင်ပါတယ်။

အလုပ်တွေရှုပ်နေတဲ့ ရဲစ ခန်းတစ်ခုကို လူတစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီလူက  လူသတ်မှုတွေ ဖြစ်နေတာကြောင့် ဖမ်းပေးဖို့ဆိုပြီး ရောက်လာခဲ့တာ ပါ။ ရဲစခန်းက တာဝန်ရှိသူတွေက ဘယ်သူတွေ အသတ်ခံရပြီး လူ သတ်သမားကကော ဘယ်မှာလဲ လို့ မေးတဲ့အချိန်မှာတော့ အဲဒီလူ က ဘယ်သူတွေ အသတ်ခံရတယ် ဆိုတာ မသိပေမယ့် လူသတ်တ ရားခံကတော့သူပါလို့ ဝန်ခံခဲ့ပါ တယ်။

လူသတ်တရားခံက နောက် ထပ်လူတွေ ထပ်သတ်မိမှာစိုးလို့ လာအဖမ်းခံတယ် ဆိုတာကြောင့်  ရဲစခန်းက တာဝန်ရှိသူတွေ အံ့သြ နေခဲ့ကြပါတယ်။ အဲဒါကြောင့် လူတွေ ဘာလို့သတ်နေတာလဲလို့ မေးတဲ့ အချိန်မှာလည်း အဲဒီလူက  သူမသိဘူးလို့ ပြောပါတယ်။ သူ က သူ့နာမည် ဘယ်သူလဲတောင် မသိဘူးလို့ ပြောခဲ့ပါတယ်။ လူ တွေကိုဘာကြောင့် သတ်တယ်ဆို တာမသိပေမယ့် အဲဒီလူတွေကို သတ်ခဲ့တဲ့ နေရာတွေကို မှတ်မိ တယ်ဆိုတာကြောင့် ရဲစခန်းက အဲဒီမှတ်တမ်းတွေ ယူပြီး စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေ မှာ လူတွေမသေဘူးလို့ ပြောခဲ့ပါ တယ်။

အဲဒါကြောင့် လူသတ်တရား ခံဆိုပြီး လာအဖမ်းခံတဲ့လူက အိမ်ပြန်လာခဲ့ရပါတယ်။ သူမှတ် မိတာက လောလောဆယ် နေနေ တဲ့ အခန်းထဲကို ရောက်နေတာက နေစပြီးမှတ်မိတာပါ။ ဘာကြောင့် ရောက်နေတယ် ဆိုတာလဲမသိ ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါ  သူသတိလွတ်သွားရင် လူသတ် မှုတစ်ခု ဖြစ်ပြီးတာပါပဲ။ ဘာ ကြောင့် သတ်တယ်ဆိုတာကို သူ မသိသလို လူသတ်နေတဲ့အချိန်က အဖြစ်အပျက်တွေကိုလည်း သူမ မှတ်မိပါဘူး။

သူက သူ့နာမည်တောင် မသိ တာကြောင့် အဲဒီအခန်းအနီးအ နားမှာရှိတဲ့ သူတွေကို သူ့နာမည် လိုက်မေးခဲ့ပါတယ်။ ဒါပေမဲ့ လည်း ဘယ်သူမှ မသိကြပါဘူး။  အဲဒီလိုမေးရင်းနဲ့ သူ့ရဲ့ အခန်း အနီးမှာရှိတဲ့ အမျိုးသမီးတစ်ဦး နဲ့ရင်းနှီးခဲ့ပါတယ်။ အဲဒီအမျိုး သမီးက ကလေးတစ်ယောက်အ မေပါ။ နောက်ပြီး အဲဒီအမျိုးသမီး ယောက်ျားက အရမ်းသဝန်တိုပါ တယ်။

အဲဒီလိုနဲ့ နောက်တစ်ရက်မှာ သူသတိလွတ်သွားပြီး  ပြန်သတိရလာချိန်မှာ လူတစ်ယောက်ကို သတ်ဖို့ လုပ်နေခဲ့ပါတယ်။ ဒါပေ မဲ့ သူအချိန်မီ သတိပြန်ဝင်လာတာ ကြောင့် သတ်တဲ့ကိစ္စကို ဆက်မ လုပ်ဘဲ နောက်ပြန်လှည့်လာပြီး သူသတ်တဲ့ လူက သူ့ကို သိနေ တာကြောင့် လှည့်အမေးမှာ ဟို လူက ဓားနဲ့ထိုးပါတယ်။ အဲဒါ ကြောင့် သူလည်း ပြန်တိုက်ခိုက် ပြီး ထွက်ပြေးလာခဲ့ပါတယ်။

တကယ်တော့သူ့နာမည်က လက်ျာမင်းညီပါ။ သူ့မှာကောင် မလေးရှိပါတယ်။ ကောင်မလေး နာမည်က ဧကရီပါ။ လက်ျာမင်း ညီ ဘာလို့ ဒီဘဝကိုရောက်နေ တာလဲ။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ကြုံရဦးမှာလဲ။ လူတွေထပ် သတ်ဦးမှာလား ဆိုတာကိုတော့ ရန်ကုန်-မန္တလေး အပါအဝင် နယ်မြို့တွေမှာ ရုံတင်ပြသနေ တဲ့ Dimensions (မျက်နှာပြင် များ) ဇာတ်ကားမှာ ဆက်လက်ရှု စားကြပါ။

 ဒီဇာတ်ကားမှာ သရုပ် ဆောင်တွေအနေနဲ့ မျက်နှာသစ် သရုပ်ဆောင်တွေဖြစ်တဲ့ ခါရာ၊ မင်းမြတ်စိုးစံ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိမ်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပုံဖော်ထားပါတယ်။