နေရပ်ပြန်သွားသော နမ့်ဆန်စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

နေရပ်ပြန် နမ့်ဆန်စစ်ရှောင်ကားကို တွေ့ရစဉ် (ဓာတ်ပုံ − U Tin Maung Thein)

ရှမ်းပြည်နယ် မြောက် ပိုင်း နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲ များဖြစ်ပွားနေသည့်ကြားမှ နေရပ်ပြန်သော စစ်ရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ် နေကြောင်း ဒေသတွင်းလူမှုရေး အဖွဲ့များက ပြောသည်။

နမ့်ဆန်မြို့နယ် ကိုင်တိုင် ကျေးရွာတွင် ၂၀၁၇ ဒီဇင်ဘာက ဖြစ်ပွားခဲ့သော တပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအရပ်သား ၂၀၀ ခန့် ကျောက်မဲမြို့တွင် လာရောက်စစ်ရှောင်နေရာမှ ဖေဖော်ဝါရီ ၈ ရက်တွင် နေရပ်သို့ ပြန်သွားခဲ့သည်။

‘‘ပြန်သွားကြတော့ လမ်းမှာ တွေ့တယ်။ မေးကြည့်တော့ ကျွန် တော်တို့ကို ဘယ်သူကမှ ပြန်ပါ လို့ မပြောပါဘူးတဲ့။ နှင်လည်း မထုတ်ပါဘူးတဲ့။ ဒါပေမဲ့ လူတွေ က တွေ့ရင် ရွာပြန်လို့ရပြီလားလို့ ခဏခဏ မေးလွန်းတော့ အားနာ ပြီး ပြန်မယ်ဆိုပြီး ပြန်လာတာတဲ့။ အမှန်ကတော့ နယ်မြေအခြေအ နေသိချင်လို့ မေးကြတာနေမှာပါ။ အခု ပြန်လာတော့ အိမ်တွေလည်း အဖောက်ခံထားရတယ်။ ကလေး တွေလည်း မျက်နှာငယ်လေးတွေ နဲ့ တွေ့ရတာ စိတ်မချမ်းသာစရာ ပဲ’’ ဟု ကျောက်မဲမြို့ ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောသည်။

ကလေးငယ်နှင့် သက်ကြီး ရွယ်အိုများအပါအဝင် ကိုင်တိုင် ကျေးရွာဒေသခံ ၁၈၀ ခန့်သည် ကား၊ ဆိုင်ကယ်၊ ခြေကျင်လမ်း ကြောင်းတို့ဖြင့် နေရပ်သို့ ပြန်ခဲ့သည်။ နေအိမ်အချို့ မီးရှို့ခံထား ရပြီး အချို့ ဖောက်ထွင်းခံထားရ ကြောင်း ကိုင်တိုင်ကျေးရွာသို့ ဖေဖော်ဝါရီ ၉ ရက်က သွားရောက်ခဲ့သော ဦးတင်မောင်သိန်းက ပြောသည်။

‘‘အခုအခြေအနေက တိုက်ပွဲက ဖြစ်နေတုန်းပဲ။ တောထဲတောင် ထဲလည်း မသွားရဲ။ လက်ဖက်ခြံ တွေကလည်း မကောင်း။ သူတို့ အတွက် စားရေးသောက်ရေးအ ခက်အခဲက သေချာပေါက်ရှိနေ တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိကာလတွင် နမ့်ဆန် အပါအဝင် ရှမ်းမြောက်ဒေသအ ချို့တွင် တပ်မတော်နှင့် TNLA အပြင် RCSS/SSA နှင့် TNLA အကြား တိုက်ပွဲအချို့ ဖြစ်ပွားနေ သည်။  နေရပ်ပြန်စစ်ရှောင်များအ တွက် တစ်ဦးလျှင် ဆန်ရှစ်ပြည်၊ ငွေငါးထောင်ကျပ်နှင့် စားသောက် ဖွယ်ရာအချို့ကို ကျောက်မဲမြို့ နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒေသတွင်း လူမှုရေးအဖွဲ့များက ထောက်ပံ့သော်လည်း ရေရှည်အခက်ကြုံမည့် အနေအထားဖြစ်ကြောင်း ကျောက်မဲမြို့ခံအချို့က ပြောသည်။

‘‘ကိုင်တိုင်ကို အမှန်က မပြန် သင့်သေးဘူး။ ပလောင်(TNLA) ကလည်း ဆုတ်ပေးရင် ပါသွား တော့မှာ။ RCSS ကလည်း လက် လျှော့မယ့်ပုံ မပေါ်ဘူးဆိုတော့ တိုက်ပွဲက ဆက်ဖြစ်နေနိုင်တယ်။ အဓိကကတော့ ရွာသားတွေ အခက်အခဲ ဆက်ရင်ဆိုင်ရနိုင် တယ်’’ဟု နမ့်ဆန်မြို့ခံတစ်ဦးက ပြောသည်။

၂၀၁၇ ဒီဇင်ဘာက ဖြစ်ပွား ခဲ့သော တပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ကိုင်တိုင်ရွာအပြင် နမ့်ဆန်မြို့နယ်မှ ကျောက်ဖြူ လေး၊ အာပြောင်နှင့် ဟင်ကြိုင် ကျေးရွာများမှ ဒေသခံအရပ်သား ၁၂၀၀ ခန့်သည် ကျောက်မဲမြို့ ပေါ်သို့ တိမ်းရှောင်လာခဲ့ရသည်။ ကျန်ရွာသုံးရွာမှ ဒေသခံများသည် ဇန်နဝါရီတွင် ပြန်သွားကြပြီး ကိုင်တိုင်ကျေးရွာသည် နောက်ဆုံး အသုတ်နေရပ်ပြန်ခြင်းဖြစ်သည်။

စစ်ဘေးသင့်သူများကို လှူဒါန်းလိုသူများအနေဖြင့် ကျောက်မဲမြို့ ဇီဝိတဒါန လူမှုကူညီရေးအသင်း ၀၉-၇၉၁၄၄၃၀၆၀၊ ၀၉-၅၂၇၅၇၀၄ နှင့် နယ်စည်းမခြား ပရဟိတ(သီပေါ) ၀၉- ၂၅၉၁၃၆၁၆၄ သို့ ဆက်သွယ်လှူဒါန်းနိုင် သည်။