ဝေဖန်ရေးနဲ့ ကျွန်တော် (မောင်သာနိုး)

‘တက္ကသိုလ်မှာ အတူကျင်လည်ခဲ့ပြီး နောင် စာ ရေးဆရာ၊ စာပေထုတ်ဝေသူဖြစ်သွားတဲ့ မိတ်ဆွေက တော့ ကိုယ်တွေ့ပုံပြင်လေးနဲ့ ယှဉ်ပြောပြတော့ဟုတ် သလိုလို၊ ထောက်ခံရတော့မလိုလို။ ‘‘ကျွန်တော်တို့ ငယ်ငယ်က ခုနစ်တန်းလောက်မှာ မိဘကအခြေအ နေအရ ကျောင်းဆက်မထားနိုင်တော့လို့ ထွက်သွား ရတဲ့သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ရသဗျ။ နောက်တော့ ကိုယ်က လွယ်အိတ်ကလေးနဲ့ကြော့လို့ ကျောင်းသွား၊ သူ့ခမျာမှာတော့ စက်ဆီအပေပေ အင်္ကျီဘောင်းဘီစုတ်နဲ့ ၀ပ်ရှော့မှာ ကုန်းရုန်းလုပ်နေ တာတွေ့ရပြန်တော့ သနားရပြန်တာပေါ့ဗျာ။ ဟော ခုကျတော့ဗျာ ကိုယ်က စာရေးဆရာယောင်ယောင် ပတ်ဘလစ်ရှာယောင်ယောင် ရန်ကုန်မြို့မှာ လွယ် အိတ်တစ်လုံးနဲ့ ကုန်းကြောင်းလျှောက်နေရချိန်၊ သူ က ကိုယ်ပိုင်တိုက်နဲ့၊ ကားနဲ့ စမောလေးနဲ့ ၀ပ်ရှော့ပိုင် ရှင်ကြီး။ ကျုပ်တို့ တက္ကသိုလ်မှာ စာတွေကြိုးစားခဲ့ရ တာ ဘာလုပ်ဖို့လဲဗျာ’’တဲ့။


တိုင်းပြည်ကို ရှေ့ဆောင်ရှေ့ရွက် လုပ်နေပါ တယ်ဆိုတဲ့ စာရေးဆရာလို လူကြီးတွေကတောင် ဒီ လိုပြောနေမှတော့ ဥမမည် စာမမြောက် လူငယ်လူ ရွယ်ဆိုတာ ဘယ်ပြောစရာရှိတော့မလဲ။ ကျွန်တော် က အသက်မွေးဝမ်းကျောင်းမှုအတွက် ကျောင်းဆရာ လုပ်နေရတဲ့လူဆိုတော့ ဒီပြဿနာကို နေ့စဉ်ရင်ဆိုင် နေရတယ်။ ကိုယ်က ဘယ်လိုပဲ စာကိုကြိုးစားသင် သင်၊ ကျောင်းပျက်တဲ့သူနဲ့၊ လေ့ကျင့်ခန်း မှန်မှန်မလုပ်ချင်တဲ့သူနဲ့၊ အတန်းထဲ ဟေးလားဝါးလားပဲ လုပ်ချင်နေသူနဲ့။ သူတို့ပဲ ငေါက်ငမ်းနှိမ်နင်းရ၊ ပညာကို လေးစားတန်ဖိုးထားတတ်လာအောင် ရှင်းလင်းဟောပြောရတယ်။ အေး...မင်းတို့ကတော့ ပြောမှာပဲ။ ဆရာ့စာတွေကြိုးစားလို့ ဘွဲ့တစ်ခုရတော့ရော ဘာ လုပ်ရမှာလဲလို့။ ဟုတ်တယ်။ ဘာလုပ်လို့မှ မရဘူး ထား။ ပိုက်ဆံမရဘူး။ ဒါပေမဲ့ အတတ်ပညာ မှန်သမျှကို ရွှေအိုးလို့ ရှေးလူကြီးတွေကဆိုခဲ့ရင် ကျောင်းတွေမှာသင်ရတဲ့ ကျောင်းပညာရေးကို ‘ရတနာအိုး’ လို့ခေါ်ရလိမ့်မယ်။ ကလေးတစ်ယောက်ကို ကျောင်း မှာ စာသင်တယ်ဆိုတာက အရေးအဖတ်အတွက်ဆို တဲ့ အခြေခံသေစာရှင်စာ ဖတ်တတ်၊ ရေးတတ်ရုံက လေး သင်ပေးတာမှ မဟုတ်တာကပဲ။ လူ့လောကထဲ၊ လူတောထဲ ၀င်တော့မယ်ဆိုရင် တတ်သိနားလည် ထားမှဖြစ်တဲ့၊ ‘လူရာဝင်နိုင်’တဲ့အကြောင်းချင်းတ တွေကို မူလတန်းဖြင့် မူလတန်းအလိုက်၊ အလယ် တန်းဖြင့် အလယ်တန်းအလိုက်၊ သင်ပေးလိုက်တာ ကိုး။ ဒါလေးတွေတတ်မှ လူကြားထဲဝင်စကားပြော နိုင်တာ၊ ပညာရဲရင့်ပွဲလယ်တင့်တာ’ ဟူသောစကား ကို စာရေးဆရာကြီးမောင်သာနိုး၏ ကျောင်းပညာ ရတနာအိုး ဆောင်းပါး၌ ဖတ်ရပါမည်။ ယခုဆောင်း ပါးအပါအ၀င် ဝေဖန်ရေးနဲ့ ကျွန်တော် စာအုပ်တွင် စုစုပေါင်းဆောင်းပါး ၂၇ ပုဒ်ပါရှိပြီး စိတ်ကူးချိုချို စာပေက တန်ဖိုး ၂,၅၀၀ ကျပ်ဖြင့်ထုတ်ဝေလာသည်။ ဆောင်းပါးအများစုမှာ မဂ္ဂဇင်း၊ ဂျာနယ်အသီးသီး တွင် ဖော်ပြခဲ့သောစာများဖြစ်ပြီး ယခုတပေါင်းတ စည်းတည်း စုစည်းထုတ်ဝေခြင်းဖြစ်သည်။ ယခုအခါ အသက်(၈၀)ကျော်လာပြီး ကန်တော့ခံစာပေပညာ ရှင်များတွင် ပါဝင်လာသော ဆရာမောင်သာနိုးသည် လူမုန်းခံကာ အများအကျိုးရှေးရှု၍ ဝေဖန်ရေးကို တစိုက်မတ်မတ် ဖော်ဆောင်ခဲ့သူလည်း ဖြစ်ပေသည်။ ဆရာမောင်သာနိုး၏ ဝေဖန်ရေးသည် အချက်ကျကျရှိခဲ့ရာ ဝေဖန်ခံရသောပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုသည် မခံမရပ်နိုင်ဖြစ်ပြီး ပြင်းထန်သောတုံ့ပြန်မှုမျိုး ပေါ်ထွက်လာသည်အထိ ဖြစ်ပေါ်ခဲ့ဖူးသည်။ အချိန်အတန်ကြာသောအခါ ဆရာမောင်သာ နိုး၏ ဝေဖန်ရေးများ မှန်ကန်နေလေ့ရှိကြောင်း တဖြည်းဖြည်း သိမြင်လာကြသည်။ ထို့ကြောင့် ယခုစာအုပ်တွင်လည်း ထိုသို့သော ဝေဖန်ချက်များကိုဖတ်ရမည်ဖြစ်ပြီး အချိန်ယူစဉ်းစားပါက ဆရာမောင်သာနိုး၏ ဝေဖန်ချက်များသည် အမှန်တရားနှင့် နီးကပ်လျက်ရှိကြောင်း နားလည်လာပါမည်။ လူကြီး၊ လူငယ်မရွေး ဖတ်ရှုနိုင်သောစာအုပ်ဖြစ်ပြီး အသိအ မြင်၊ ဗဟုသုတများ ဧကန်ရစေမည့်စာအုပ်လည်းဖြစ် သည်။ စာအုပ်ကို ၂,၅၀၀ ကျပ်ဖြင့် ဆိုင်ကြီးများ၌ ၀ယ်ယူနိုင်ပါသည်။