မြစ်ကြီးနားတွင် ပထမဆုံးအကြိမ် ကျောက်မျက်ပြပွဲကျင်းပမည်

နေပြည်တော် ကျောက်မျက်ပြပွဲတစ်ခုတွင် ပြသရောင်းချထားသည့် ကျောက်စိမ်းတုံးကို ကြည့်ရှုနေသူများ ဓာတ်ပုံ − MOI

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ပထမအကြိမ် ကျောက်မျက် ရတနာပြပွဲကို မတ်လ ၂၆ ရက်ကစတင်ကာ ငါးရက်ကြာကျင်းပမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးဇေလွမ်းက ပြော သည်။ 


ထိုပြပွဲတွင် ကျောက်မျက် ရတနာပြခန်း ၂,၀၀၀ ကျော် ခင်း

ကျင်းပပြသမည်ဖြစ်ပြီး ကျောက်စိမ်းအကြမ်းတုံးများ အပါအဝင် လက်ဝတ်ရတနာအချောထည် များ၊ ပယင်းများပြသရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

‘‘ကချင်ကထွက်တဲ့ ရတနာ တွေကို ကချင်ပြည်နယ်အတွက် အသုံးချဖို့၊ ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေအလုပ်အကိုင် အခွင့် အလမ်းရစေဖို့ ရည်ရွယ်တာပါ။ ဒါကလည်း ကချင်ပြည်နယ်ရဲ့ ပထမဦးဆုံးပဲ’’ဟု ဦးဇေလွမ်းက ဆက်လက်ပြောသည်။ 

မြစ်ကြီးနားမြို့တွင် ကျောက် မျက်ရတနာပြပွဲကျင်းပခွင့်ရရန် ကချင်ပြည်နယ်ကျောက်မျက်အ သင်းက တင်ပြတောင်းဆို၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုး ရက ခွင့်ပြုခြင်းဖြစ်ပြီး C နှင့် D အ ဆင့်နိမ့်အသားကျောက် ကျောက် စိမ်းအရိုင်းတုံးများ အဓိကပြသ ရောင်းချမည်ဟုဆိုသည်။ 

ပြပွဲတွင် ပြသရောင်းချသည့် ကျောက်စိမ်း အကြမ်းထည်များ ကို ပြည်ပသို့ သယ်ယူခွင့်မပေးဘဲ လက်ဝတ်ရတနာအချောထည် များသာ ပြည်ပသယ်ဆောင်ခွင့်ပြု မည်ဖြစ်ကြောင်း၊ ပြပွဲတွင် ရောင်းချသည့် ကျောက်မျက်ရောင်းရငွေ ၏ ၂ ရာခိုင်နှုန်းကို ပြပွဲကျင်းပရေး ကော်မတီက အခွန်ကောက်ခံရန် စီစဉ်ထားကြောင်း ဦးဇေလွမ်းက ပြောသည်။ 

မြစ်ကြီးနားကျောက်မျက်ပြ ပွဲတွင် ကချင်ပြည်နယ်အပြင် ရန်ကုန်၊ မန္တလေး၊ မိုးကုတ်နှင့်စစ်ကိုင်း တို့မှ လက်ဝတ်ရတနာများ ခင်း ကျင်းပြသရန် စီစဉ်ထားကြောင်း ပြပွဲစီစဉ်သူများက ပြောကြား သည်။ 

ပြပွဲကာလ မတ်လ ၂၉ ရက် နှင့် ၃၀ ရက်တွင် ကျောက်စိမ်းအကြမ်းထည်များကို ကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါရောင်းချမည်ဖြစ် ပြီး လက်ဝတ်ရတနာများကို အမေ ရိကန်ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။ 

ယခင်က ကျောက်မျက်ရတ နာပြပွဲများကို နေပြည်တော်တွင် သာ ကျင်းပပြီး ကချင်ပြည်နယ် အပါအဝင် အခြားတိုင်းနှင့် ပြည် နယ်၌ ကျင်းပခြင်းမရှိပေ။ 

ပြီးခဲ့သည့် ဇန်နဝါရီအတွင်း က ကျောက်မျက်ရတနာအချော ထည်ပြပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ယင်းပြပွဲမှ ဝယ်ယူထား သော လက်ဝတ်ရတနာများကို ပြည်ပသို့ သယ်ဆောင်ခွင့်ပေးခဲ့ သည်။