Delivery Van များ မူလစက်ရုံထုတ်ပုံစံမဟုတ်ပါက ယာဉ်နံပါတ်ထုတ်ပေးမည်မဟုတ်ဟုဆို

ကညန၏ ကြေညချက်ကြောင့် Delivery Van ၀ယ်ရောင်းပြုလုပ်သူများ အခက်တွေ့နေသည်။ ဓာတ်ပုံ − နေ့စဉ်သတင်းထူးများ(ဖေ့စ်ဘွတ်ခ်)

ကုန်လွှဲကုန်ပို့ မော်တော်ယာဉ် (Delivery Van) များ မူလစက်ရုံ ထုတ်ပုံစံမဟုတ်ပါကယာဉ်နံပါတ် ထုတ်ပေးမည် မဟုတ်ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ဖေဖော်ဝါရီလဆန်း တွင် ထုတ်ပြန်ကြေညာသည်။


ယင်းကြေညာချက်ကြောင့် Delivery Van များ ရောင်းချရန် ဝယ်ယူစုဆောင်းထားသည့် ကား ဝယ်ရောင်းပြုလုပ်သူများ အခက် အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအ သင်း အထွေထွေအတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောသည်။

Delivery Van များကို မှန် အလုံပိတ်၊ နောက်ခန်းခုံမပါလျှင် ခွင့်ပြုပေးမည်ဟု ယခင် ကညနက သတ်မှတ်ပေးခဲ့ကြောင်း၊ ယခုကဲ့ သို့ ကြေညာချက်မထုတ်ပြန်မီ Delivery Van တင်သွင်းရာတွင် ရှိရမည့် စံနှုန်းများနှင့်ပတ်သက် သည့် စည်းကမ်းချက်များ ကြိုတင် ကြေညာပေးသင့်ကြောင်း ဦး ရန်မျိုးအောင်က ပြောသည်။

မူလ ဂျပန်ကားစက်ရုံထုတ် လုပ်စဉ်ကတည်းက Delivery Vanမဟုတ်သည့်ယာဉ်များ၊ ပုံစံကွဲလုပ်ထားသည့် ကားများရှိကြောင်း ၎င်းက ပြောသည်။

‘‘အမှန်အကန် သွင်းတဲ့သူ လည်းရှိသလို တချို့လည်းပြင်ဆင် ပြီးမှ သွင်းတဲ့သူရှိတာပေါ့နော်။ ဘယ်လို့ဖြစ်စေ စီးပွားရေးသမား တွေ အနည်းနဲ့အများတော့နစ်နာ ကြတာပေါ့နော်’’ဟု ဦးရန်မျိုး အောင်က ပြောသည်။

ယခင် လိုင်စင်နံပါတ်ရှိပြီး လက်ရှိ မောင်းနှင်အသုံးပြုနေသူ များအတွက် ထိခိုက်နစ်နာမှုများ စွာမရှိသော်လည်း Delivery Van အများအပြား တင်သွင်းထားသည့် ကား ဝယ်ရောင်းသမားများအ တွက် ထိခိုက်နစ်နာမှုရှိကြောင်း ဝါရင့် ကားအရောင်းအဝယ်ပြု လုပ်သူတစ်ဦးက ပြောသည်။

ကားဈေးကွက်တွင် Deli-very Van များ တင်သွင်းရောင်းချ ရာ၌ အဆင်ပြေနိုင်မည်ဟူသော သတင်းကြောင့် ကားဝယ်ရောင်း များက ကားအများအပြား တင် သွင်းပြီး လက်ရှိတွင် မူလစက်ရုံထုတ် ပုံစံမဟုတ်ပါက ယာဉ်နံပါတ် ထုတ်ပေးမည်မဟုတ်ဆိုသော ကညနကြေညာချက်ကြောင့် အခက်တွေ့ရကြောင်း ၎င်းကပြောသည်။