ရန်ကုန်တွင်အသက် (၅၅) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ပစ္စည်းအလုခံရပြီး အဓမ္မပြုကျင့်ခံရ

 ဆောက်လက်စတိုက် တွင် အ၀တ်ခေါက်နေသည့် အသက် (၅၅) အရွယ်အမျိုးသမီး ကြီးတစ်ဦး နေ့ခင်းကြောင်တောင် ရွှေနှင့်ငွေများ ခြိမ်းခြောက်လုယူ ခံရသည့်အပြင် အဓမ္မပြုကျင့်ခံရ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။


ဗိုလ်တထောင် မြို့နယ်ရှိ ဆောက်လက်စ ရှစ်ထပ် တိုက် တစ်ခုတွင် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက တိုက်ပထမ ထပ်တွင်ရှိနေသော အမျိုးသမီး ထံသို့ အသက် (၃၀) ခန့် အရွယ် အမျိုးသားတစ်ဦး ရောက်လာကာ အလုပ်လာရှာခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့  စကားပြောနေစဉ် နှစ်မိနစ်ခန့်အကြာတွင် အဆိုပါ အမျိုးသားက အမျိုး သမီးကို ပိုက် ဆံထုတ်ပေးရန် ပြောဆိုခဲ့ ကြောင်း ၎င်းကဆက်လက်ရှင်းပြ သည်။

ထို့ကြောင့် အမျိုးသမီးကြီး က ကြောက်လန့်၍ ငွေကျပ် နှစ် သိန်း ထုတ်ပေးခဲ့သော်လည်း အနုကြမ်းစီးသူအမျိုးသားက နား ကပ်ပါတောင်းသဖြင့် ချွတ်ပေးခဲ့ ကြောင်း အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားသည်။

ထို့နောက်လုယက်သူအမျိုး သားသည် အမျိုးသမီးကြီး၏ သားဖြစ်သူဝတ်ဆင်သည့် လုံ ချည်ကိုဖြဲ၍  အမျိုးသမီးကြီးအား အနီးရှိတိုင်တွင် ပုဆိုးဖြင့်တုပ် ချည်ကာပါးစပ်အတွင်း လုံချည် အပိုင်းအစအများ ထိုးထည့်ပြီး အဓမ္မပြုကျင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အဓမ္မပြုကျင့်သူ အမျိုးသား ရောက်ရှိလာချိန်တွင် အမျိုးသမီးကြီး၏သားသည်  အခြားအလုပ်သမားနှစ်ဦးနှင့်အတူ တိုက်ခြောက်လွှာတွင် အုတ်စီအ ချောသပ်လုပ်ငန်း ဆောင်ရွက်နေ ကြောင်း ရဲအရာရှိက ဖြစ်စဉ်ကို ပြောကြားသည်။

ကျူးလွန်သူ အမျိုးသားကို ဗိုလ်တထောင်မြို့မရဲစခန်းက အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ ခြိမ်း ခြောက်တောင်းယူမှု ပုဒ်မ ၃၈၄ တို့ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။