ဘောလုံးကန်နေစဉ် စကားများကာ ဓားထိုးမှုဖြစ်

ဆယ်ကျော်သက်အ ရွယ်လူငယ်နှစ်ဦး ဘောလုံးကန် နေစဉ်စကားများရန်ဖြစ်ရာမှ ဓား ထိုးမှုဖြစ်ပွားသဖြင့် လူငယ်တစ် ဦးဒဏ်ရာရရှိကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။


လှိုင်မြို့နယ်နေ အသက် (၁၉)နှစ်အရွယ်စည်သူဝင်းသည် ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာ ရီခွဲခန့်က ဘူတာရုံလမ်းရှိ စတိုင် ၀မ်းလက်ဖက်ရည်ဆိုင် ဖျက်ထား သည့် မြေနေရာအလွတ်တွင် ဘောလုံးသွားကန်ရာက စတင် ဖြစ်ပွားကြောင်း ၎င်းကဆက် လက်ရှင်းပြသည်။

ထို့နောက် စည်သူဝင်းသည် ဘောလုံးအတူကန်နေသည့် (၁၆)နှစ်အရွယ်လင်းလင်းဆိုသူ နှင့်စကားများကာ လင်းလင်းက စည်သူဝင်းကို ဓားဖြင့်ထိုးခဲ့ ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘သူတို့ချင်းဘောလုံးကန် ရင်း စကားများပြီးဖြစ်တာပါ။ ထိုးတဲ့ကောင်လေးကိုလည်း မိ ထားပြီးပါပြီ’’ ဟု ၎င်းကဆက် လက်ပြောကြားသည်။

ဓားဖြင့်ထိုးခံရသဖြင့် စည် သူဝင်းဝမ်းဗိုက်တွင်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်ရခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသ ထားကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး က ပြောသည်။

လင်းလင်းကို လှိုင်မြို့မရဲ စခန်းက ဘေးဖြစ်စေသော လက် နက်ဖြင့် အပြင်းအထန်နာကျင် စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း လှိုင် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။