သူငယ်ချင်းနှစ်ဦး စကားများရာမှ ကတ်ကြေးဖြင့်ထိုး

သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။


အလုံမြို့နယ် စောရန်ပိုင် မြောက်ရပ်ကွက် ဆင်စွယ်လမ်း နေ အသက် (၃၁)နှစ်အရွယ် ထွန်းသူရမျိုးသည် ဖေဖော်ဝါရီ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က ၎င်း၏ နေအိမ်ရှေ့တွင် သူငယ်ချင်းနှင့် စကားများရာမှ စတင်ဖြစ် ပွားခဲ့ကြောင်း အဆိုပါ ရဲအရာရှိ က ပြောသည်။

ထိုသို့ စကားများရန်ဖြစ်စဉ် (၂၆)နှစ်အရွယ် အောင်နေဦးကကတ်ကြေးဖြင့် ထိုးသောကြောင့် ထွန်းသူရမျိုး၏ ဘယ်ဘက်မျက် ခုံး၊ ရင်ဘတ်နှင့် ဘယ်ဘက်ခါးတွင်  ဒဏ်ရာများရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း အလုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ဆီကို လာ တိုင်ကတည်းက စကားများ ရန် ဖြစ်တယ်လို့ပဲ လာတိုင်တာ။ တရားခံကို မိထားပေမယ့် အသေးစိတ်မစစ်ရသေးတော့ သူတို့ဘာ ကြောင့်ဖြစ်တယ်ဆိုတာ မသိသေးဘူး’’ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောင်နေဦးကို အလုံမြို့မရဲစခန်း က  ဘေးဖြစ်စေသော လက်နက် ဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း ၎င်းက ပြောသည်။