အောင်လံတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

 အောင်လံမြို့နယ် တွင် အသက် (၅၀)အရွယ် အမျိုး သားတစ်ဦး ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးမှု ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည်။


သေဆုံးသူသည် အောင်လံ မြို့နယ် ဇောင်းလျားကျင်းကျေး ရွာတွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့ နေ့လယ်က အရက်သောက် ပြီး ပြန်လာ၍ ၎င်း၏ဇနီးနှင့်သား ကို ရွာထဲရှိ ရေတွင်းတွင် ရေသွား ချိုးခိုင်းခဲ့ကြောင်း၊ ထို့နောက် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့စစ် ဆေးချက်မှတ်တမ်း တွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားနေထိုင် ရာ သုံးပင်မြေစိုက်တဲအိမ်တွင် ထုပ်တန်းကို သုံးပင်လိမ်ကြိုးဖြင့် ဆွဲကာ ကြိုးဆွဲချ သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြသည်။

၎င်းသည် အရက်ပုံမှန် သောက်တတ်ကာ စိတ်အခြေ အနေ ပုံမှန်မဟုတ်ကြောင်းလွန်ခဲ့ သည့် သုံးနှစ်ခန့်က အရက် သောက်ကာ ဧရာဝတီမြစ်အတွင်း ခုန်ချ၍ ဝိုင်းဝန်းကယ်ဆယ်ခဲ့ရဖူး ကြောင်း မိသားစုဝင်များက ပြော သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မ တာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ရန် သေဆုံးသူ အား အောင်လံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး အောင်လံမြို့မ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း ဖွင့် စစ်ဆေးနေသည်။