ရွှေတောင်မြို့၌ မြေငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်ပြီး နောက်နေ့၌ ငလျင်လှုပ်

ရွှေတောင်မြို့ပေါ် ရပ်ကွက်တစ်ခုအတွင်း မြေငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်နေစဉ်(ဓာတ်ပုံ - ဇော်မင်းထိုက်)

 ရွှေတောင်မြို့၌ မြေငလျင် အန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ပြီး နောက်ရက် (ဖေဖော်ဝါရီ ၁၄ ရက်) နေ့လယ် ၁ နာရီ၄၄ မိနစ်တွင် ရွှေတောင်မြို့နယ်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခဲ့ သည်။

ပြည်မြို့၏ အရှေ့တောင် ဘက် ၉ မိုင်ခန့်အကွာ ရွှေတောင် မြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပြည်မြို့ဝန်းကျင်ရှိ သဲကုန်း၊ ရွှေတောင်၊ ပေါင်းတည်မြို့တို့တွင် သိသာစွာ ခံစားရကြောင်း ဒေသခံအချို့က ပြောသည်။


‘‘မြေငလျင်လှုပ်တာ သိသာ ပါတယ်။ အိမ်ကို ယိမ်းသွားတာ ပဲ။ ချစ်သူများနေ့မှာ ငလျင်လှုပ် တယ်လို့ ဖေ့စ်ဘွတ်ခ်ပေါ်တင် တော့ စနောက်နေတယ်ထင်ကြ တာ’’ဟု သဲကုန်းဒေသခံတစ်ဦးက ပြောသည်။

 အဆိုပါ မြေငလျင်သည် ဖြူး မြို့ ငလျင်၏ နောက်ဆက်တွဲဖြစ် ပြီး အနက် ၈၀ ကီလိုမီတာခန့်ရှိ ကြောင်း ပြည်ခရိုင် မိုးဇလဦးစီး အရာရှိ ဦးအောင်မြင့်ကြည်က ပြောသည်။

 ငလျင်မလှုပ်မီ တစ်ရက်အ လို ဖေဖော်ဝါရီ ၁၃ ရက်တွင် ရွှေ တောင်မြို့ ကြာနီကန်ရပ်ကွက်နှင့် သရက်တောရပ်ကွက်တို့၌ မြေ  ငလျင်အန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်မှုများနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါ လေ့ကျင့်မှုကို ပြည် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနက ဦးဆောင် ပြုလုပ်ပြီး လေ့ကျင့်ရာတွင် ရွှေ တောင်မြို့နယ် မြေငလျင်ဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ဒေသ ခံများ ပူးပေါင်းပါဝင်ခဲ့သည်။