ဒေါ်အောင်ဆန်းစုကြည် မကြာမီ ကရင်ပြည်နယ်သို့သွားရောက်ရန် စီစဉ်နေ

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည်ယခု ဖေဖော်ဝါရီလ အတွင်း ကရင်ပြည်နယ် ဘားအံ မြို့သို့ သွားရောက်ရန် စီစဉ်ထား ကြောင်း ဒေသခံအချို့နှင့် ကရင် ပြည်နယ်အစိုးရ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။


ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘားအံသို့ ဖေဖော်ဝါရီ ၁၉ ရက်ခန့်တွင် လာရောက်ရန် ရှိပြီး ရက်ကန်းသင်တန်းကျောင်း နှင့် နတလလူငယ်သင်တန်း ကျောင်းများအပါအဝင် မြို့နှင့် အနီးတစ်ဝိုက်ရှိ သင်တန်းကျောင်း များ၊ ဘုန်းတော်ကြီးကျောင်းအချို့ သို့ သွားရောက်ရန်ရှိသည်ဟု ကရင်ဒေသခံတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ်အစိုးရ တာ ဝန်ရှိသူတစ်ဦးကလည်း ‘‘ရက် အတိအကျတော့ မရောက်သေး ဘူး။ လာဖို့တော့ရှိတယ်။ ဒီကနေ ညွှန်ကြားချက်တွေကို ကြိုတင် စီစဉ်နေတယ်’’ဟု အတည်ပြု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ကတည်းက ဘားအံသို့ လာ ရောက်ရန် စီစဉ်သော်လည်း မလာဖြစ်ခဲ့ဟု ဘားအံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းသန်းသန်းလွင်က ပြောသည်။

ဘားအံမြို့ရှိ ဌာနဆိုင်ရာ အမျိုးသမီးဝန်ထမ်းတစ်ဦးက ‘‘ဒေါ်အောင်ဆန်းစုကြည် လာ မယ်လို့ ကြားမိတယ်။ စနေ (ဖေ ဖော်ဝါရီ ၁၇ ရက်)၊ တနင်္ဂနွေ (ဖေဖော်ဝါရီ ၁၈ ရက်)၊ တနင်္လာ (ဖေဖော်ဝါရီ ၁၉ ရက်)တစ်ရက် ရက်လားမသိဘူး။ အဲဒီသုံးရက် ကတော့ ရုံးဝန်ထမ်းတွေကို Stand by လို့တော့ပြောထား တယ်’’ဟုဆိုသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဘားအံ မြို့သို့ လာရောက်မည့်သတင်းကို ရဲတပ်ဖွဲ့အနေဖြင့် အတည်ပြု မပေးနိုင်သော်လည်း အကယ်၍ လာရောက်ပါက နိုင်ငံ့အကြီး အကဲများ၏ လုံခြုံရေးတာဝန်ယူ ရမည့် အဆင့်အတိုင်း တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ တပ်ဖွဲ့ မှူး ရဲမှူးကြီးကြည်လင်းက ပြော သည်။

7Day သတင်းဌာန၏ အမေးကို ရဲမှူးကြီးကြည်လင်းက ‘‘လာမယ်ဆိုရင်တော့ သူ့ (နိုင်ငံ့ အကြီးအကဲ) အဆင့်နဲ့လျော်ညီ တဲ့ လုံခြုံရေးလုပ်ပေးရမှာပေါ့’’ ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဘားအံသို့ သွားရောက်ရန်ရှိသည် ဆိုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးအား မေးမြန်းရာ ၎င်းက ‘‘အတည်ပြု ပေးလို့မရပါဘူး’’ဟု ဖြေကြား သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ကရင်ပြည်နယ်သို့ ၂၀၁၄ ဇန်နဝါရီက သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်တွင် ဘားအံမြို့ပေါ် ရှိ အောင်သံလွင်အားကစားကွင်း နှင့် လှိုင်းဘွဲမြို့နယ် ကပလီရွာတို့ ၌ လူထုတွေ့ဆုံဟောပြောပွဲ ပြု လုပ်ခဲ့သည်။

More in Politics Section