ရန်ကုန်တွင် တရားမ၀င်ကားပါကင်ကြေး မိုက်ကြေးခွဲကောက်ခံ မှု၌ မြို့တော်ဝန်ကားပင်မလွတ်ဟု ဦးမောင်မောင်စိုးပြော

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး (ဓာတ်ပုံ − Yangon Hluttaw)

ရန်ကုန်မြို့တော်ဝန် ကိုယ်တိုင် တရားမ၀င်ကားပါကင် ကြေး ပေးဆောင်ခံနေရကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော် တွင် မြို့တော်ဝန်ဦးမောင်မောင် စိုးက ပြောကြားသည်။

ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဒေါ်ကြည်ပြာ၏ ရန်ကုန် မြို့တွင်း လူနေထူထပ်သောမြို့ နယ်များ၌ ကားပါကင်နေရာများ သတ်မှတ်၍ စနစ်တကျပါကင် ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင်အ ကောင်အထည်ဖော်မည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ မြို့တော် ၀န်က ဖြေကြားရာတွင် အထက် ပါအတိုင်းထည့်သွင်းပြောကြား ခဲ့သည်။

‘‘ကား ပါကင်ကြေးကို ကောက်တဲ့ နေရာမှာကျတော့ ကောက်တော့ကောက်တယ်။ စည်ပင်ကမဟုတ်ပါဘူး။ ကားပါ ကင်အတွက် ပြန်စဉ်းစားတဲ့အခါ မှာ လမ်းဟာ ကားသွားဖို့ပဲဖြစ် တယ်။ ကားနားဖို့မဟုတ်ဘူး။မိုက်ကြေးခွဲပြီး ကားပါကင်ကြေးတစ်စီး ၅၀၀ နဲ့ကောက်တာ ကျွန်တော့်ကားတောင် မလွတ်ပါဘူး’’ ဟု ဦးမောင်မောင်စိုးကပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် ကားပါကင်ကြေးကို တရားဝင် ကောက်ခံခွင့်မရှိသော်လည်း အ ခြားသူများက ကျောက်တံတား မြို့နယ်ရှိ ဗိုလ်အောင်ကျော်လမ်း၊ ပန်းဆိုးတန်းလမ်းတို့တွင် ကားပါ ကင်ကြေးအဖြစ် ကားတစ်စီးလျှင် ကျပ် ၅၀၀ နှုန်း ကောက်ခံနေကြ ကြောင်း ဒေါ်ကြည်ပြာကပြော သည်။

‘‘ကားပါကင်ကြေးတရား မ၀င်ကောက်တဲ့ကိစ္စဟာ ဥပဒေမဲ့ ဖြစ်နေတယ်ဆိုပြီး ယာဉ်မောင်း တွေရဲ့ ညည်းညူသံကိုလည်း ကြားနေရပါတယ်။ အကယ်၍ ပိုက်ဆံမပေးရင်လည်း ကားကို မှတ်ထားပြီး နောက်တစ်ခါကား ကို တစ်ခုခုလုပ်လိုက်မှာစိုးလို့ ပေးလိုက်ရတဲ့အဖြစ်တွေလည်းရှိ နေပါတယ်။ ဒါကြောင့် စည်ပင် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ပွင့်လင်းမြင် သာစွာ ကန်ထရိုက်စနစ်ပေးပြီး လုပ်တာဖြစ်ဖြစ် လတ်တလော ဖြေရှင်းပေးစေလိုပါတယ်’’ ဟု ၎င်းကဆိုသည်။

ဒေါ်ကြည်ပြာ၏မေးမြန်းမှု ကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးဝန်ကြီးလည်းဖြစ်သူ ဦး မောင်မောင်စိုးက ၎င်းကိစ္စအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် စည်ပင်ဌာနတို့ပူး ပေါင်းဖြေရှင်းမည်ဖြစ်ပြီး ကားပါ ကင်နေရာသတ်မှတ်ခြင်းနှင့် ပါ ကင်ကြေးကောက်ခံခြင်းကို ရေ ရှည်စီမံကိန်းသဘောမျိုးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းအ ခြေအနေအရ ကားရပ်နားရန် စနစ်တကျနေရာမသတ်မှတ်ပေး ပါက အဆင်မပြေကြောင်းနှင့် ကားပါကင်သီးခြားမရှိသည့်အ ခြေအနေမျိုးတွင် ဖြစ်ပေါ်နေ သည့် ပြဿနာကိုရေတိုစီမံချက် ရေးဆွဲပြီး ဆောင်ရွက်ရန်လိုအပ် ကြောင်း ဒေါ်ကြည်ပြာက ဆက် စပ်မေးခွန်းမေးမြန်းခဲ့သည်။

သို့သော် မည်သည့်အချိန် တွင် ဖြေရှင်းမည်ဆိုခြင်းနှင့်လတ် တလော ဆောင်ရွက်မည့်ကိစ္စ ရပ်များကို မြို့တော်ဝန်က လွှတ် တော်တွင် ရှင်းရှင်းလင်းလင်း ဖြေကြားမှုမရှိခဲ့ပေ။

မျဉ်းဝါတားကားပါကင်များ စနစ်တကျ ပြုလုပ်ပေးပြီး ပါကင် ကြေးကောက်ခံရာ၌ စည်ပင်ဝန် ထမ်းအင်အားတိုးချဲ့၍ ဆောင် ရွက်ပါက လက်ရှိကြုံတွေ့နေရသည့်ပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပန်းဘဲတန်း မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးသန်းနိုင် ဦးက သုံးသပ်သည်။

‘‘ဌာနအနေနဲ့ဆောင်ရွက်လို့ ရတာပဲ။ အခုလိုဘာမှအဖြေမရ အောင်ပြောသွားတာတော့ လက် မခံနိုင်ဘူး။ စည်းကမ်းကိုဘောင် ထဲကနေ ထိန်းလို့ရတဲ့နည်းကို ပြောပေးနေတာလေ။ နောက်မှ လုပ်မယ်ဆိုတာက အနှစ်နှစ် ဆယ်လား၊ အနှစ်သုံးဆယ်လား’’ ဟု ၎င်းကဆိုသည်။၂၀၁၆ အစိုးရ အကူးအပြောင်းကာလတွင် ကားပါကင်ကြေးကောက်ခံခြင်းများ ဖျက်သိမ်းခဲ့သည်။

ယခုတရားမ၀င်ကားပါကင် ကြေးကောက်ခံနေခြင်းများသည် နားလည်မှုဖြင့် လုပ်ဆောင်နေပြီး စည်ပင်ဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ဦးသန်းနိုင်ဦးက ရှင်းပြသည်။

ကားပါကင်ကြေးကောက်ခံ သည့်စနစ်ကို မည်သည့်ရည်ရွယ် ချက်ကြောင့်ဖျက်သိမ်းခဲ့သည်ကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

More in News Section