ဗိုလ်ချုပ်အောင်ဆန်း (၁၀၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် တောင်ကြီးမူကြိုကျောင်းရှိ ကလေး ၂၅၀ ကို လေ့လာရေးခရီးပို့ဆောင်

ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတွင် ကလေးငယ်များ စုပေါင်းအလေးပြုနေစဉ် (ဓာတ်ပုံ − ၀င်းနိုင်စိုး)

 တောင်ကြီးမြို့လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်း မူကြိုကျောင်းမှ ကလေးငယ် ၂၅၀ ကို လေ့လာရေးခရီးတိုအဖြစ် ဖေဖော်ဝါရီ ၁၆ ရက်က တောင်ကြီးမြို့တွင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ တစ်ရက်တာ လေ့ လာရေးခရီးစဉ်အတွင်း ကလေး ငယ်များကို တောင်ကြီးမြို့ရှိ ရှမ်းယဉ်ကျေးမှုပြတိုက်၊ စူဠာမုနိ ဘုရား၊ ဗိုလ်ချုပ်ပန်းခြံနှင့် ရှုခင်းသာပန်းခြံတို့သို့ တစ်ရက်တာခရီးစဉ်အဖြစ် သွားရောက်လေ့လာခဲ့ကြောင်း တောင်ကြီး လူမှု ၀န်ထမ်းမူကြိုကျောင်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။


‘‘ပတ်ဝန်းကျင်လေ့လာရေး ခရီးထွက်တာဟာ ကလေးတွေအ တွက် အမြင်သစ်တွေ၊ အတွေ့ အကြုံသစ်တွေရရှိပါမယ်။ အ တွေ့အကြုံသစ်တွေကို ကလေး ငယ်တွေက သူတို့နဲ့ နီးစပ်သူတွေ ကို ပြန်လည်မျှဝေနိုင်မယ်။ ပူး ပေါင်းလုပ်ဆောင်တတ်လာမယ် ဆိုတဲ့အချက်တွေနဲ့ ဒီလေ့လာရေးခရီးကို ပို့ဆောင်ပေးရခြင်းဖြစ်တယ်’’ဟု တောင်ကြီးလူမှုဝန် ထမ်းမူကြိုကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ယင်းလေ့လာရေးခရီးစဉ် တွင် မူကြိုအရွယ်ကလေးငယ် ၂၅၀ ဦး ပါဝင်ပြီး  ဆရာ၊ ဆရာမ ၁၆ ဦးနှင့် ကျောင်းသားမိဘ ၁၀ ဦးက ထိန်းသိမ်းစောင့်ရှောက်ကာ ပို့ဆောင်ပေးခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတွင် လည်း ဗိုလ်ချုပ်ကြေးရုပ်တုအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီ ချင်းသီဆိုခြင်းတို့ကို မူကြိုကလေး များ စုပေါင်းဆောင်ရွက်ခဲ့သည်။

လေ့လာရေးခရီးစဉ်အတွင်း အသက်(၃)နှစ်မှ (၄)နှစ်အရွယ် ကလေးငယ်များ ပါဝင်ပြီး လေ့ လာရေးခရီးစဉ်ကို နှစ်စဉ် ပို့ဆောင်ကာ အကြိမ် (၅၀) ကျော်ရှိပြီဖြစ်ကြောင်း လူမှုဝန်ထမ်း မူကြိုကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

Top News