သထုံမြို့နယ်ရှိ ပဲစိုက်ခင်းများ သီးနှံဖျက်ပိုးကျ၍ အထွက်လျော့သဖြင့် တောင်သူများ အခက်တွေ့

ရာသီဥတုအပြောင်းအလဲ ကြောင့် သီးနှံဖျက်ပိုးများ ၀င် ရောက်၍ ပဲအထွက်နှုန်းလျော့သဖြင့် ယခုနှစ် ပဲစိုက်တောင်သူများ စီးပွားရေး အဆင်မပြေကြောင်း သထုံမြို့နယ် သုဝဏ္ဏ၀တီမြို့နေ ပဲစိုက်တောင်သူ ဦးသန်းနိုင်ဦးက ပြောသည်။

 ယမန်နှစ်က နောက်မိုးကောင်းပြီး မိုးစပါးများ နောက် ကျရိတ်သိမ်း၍ ပဲစိုက်ပျိုးချိန် နောက်ကျပြီး သီးနှံဖျက်ပိုးဝင်ကာ ပဲအထွက်နှုန်း လျော့နည်းကြောင်း ၎င်းကဆိုသည်။


‘‘ဒီနှစ်က ပဲအထွက်လည်း လျော့၊ ဈေးကလည်း မကောင်း တဲ့အတွက် တောင်သူတွေ တွက် ခြေမကိုက်ကြဘူး။ စိုက်ပျိုးစရိတ် နဲ့ ပိုးသတ်ဆေးဖိုးတွေ ဖယ်လိုက် ရင် ကိုယ့်အတွက် သိပ်မကျန် တော့ဘူးပေါ့’’ဟု ဦးသန်းနိုင်ဦးကပြောသည်။

သထုံဒေသတွင် ပဲတီစိမ်းနှင့် ပဲလွန်းဖြူကို အများဆုံး စိုက်ပျိုး ပြီး ပဲဈေးလည်း ယခင်နှစ် ကာ လတူပေါက်ဈေးထက် ကျပ်တစ် သောင်းခန့် လျော့ကျခဲ့သည်။ ထို့ ပြင် သီးနှံဖျက်ပိုးများ ကျရောက် မှုကြောင့် ပဲစိုက်တောင်သူများ သည် စိုက်စရိတ်ကာမိရုံသာရပြီး အကျိုးအမြတ် နည်းနေကြောင်း သုဝဏ္ဏ၀တီမြို့နေ ပဲမျိုးစုံရောင်း ၀ယ်ရေး လုပ်ကိုင်သူ ဦးစိန်မြင့် ကပြောသည်။

‘‘ဒီနှစ်က ပဲပိုးတွေကျတော့ အသီးလည်း မကောင်းဘူး။ အ ၀ယ်ဒိုင်ကြီးတွေက ပဲအရည်အ သွေးကို ကြည့်ပြီး ဈေးဖြတ်နေလို့ သူတို့နဲ့ အမြဲချိတ်ဆက်နေရ တယ်။ ဒီနှစ် ပဲဈေးကွက်က ပျက် နေသလို ဖြစ်နေတာ။ တရုတ်နိုင်ငံတစ်ခုတည်းကိုပဲ အားကိုး ရောင်းချမနေဘဲ တခြားနိုင်ငံတွေ နဲ့ ချိတ်ဆက်ရောင်းချနိုင်အောင် ကြိုးစားစေချင်ပါတယ်’’ဟု ၎င်း ကပြောသည်။

ယခုနှစ် ဆောင်းရာသီတွင် သထုံမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာ၌ ပဲတီစိမ်း ၁၂,၈၃၇ဧက၊ ပဲလွမ်း  ဖြူ ၈၄၈ ဧကနှင့် မတ်ပဲ ၈၄ ဧက စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

ရာသီဥတုအခြေအနေအရ သီးနှံဖျက်ပိုးများ ၀င်ရောက်မှုကို ကာကွယ်နှိမ်နင်းရန် ယခုနှစ် ပဲ စိုက်ရာသီတွင် စိုက်ပျိုးရေးဝန် ထမ်းများက တောင်သူလုပ်ကွက် အရောက် ကွင်းဆင်းပြီး အသိ ပညာပေးလုပ်ငန်းများ ဆောင်  ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး ကပြောသည်။

‘‘မနှစ်က နေ့စားခ တစ်နေ့ ၃,၅၀၀ ကနေ ဒီနှစ်တော့ ၅,၀၀၀ ပေးရတာ။ မနှစ်ကပဲ ဈေးကောင်း တယ်။ ဒီနှစ်ကတော့ ပဲဈေးက လည်းမကောင်း၊ ပိုးကျလို့ အ ထွက်ကလည်းနည်း၊ အလုပ်သ မားစရိတ်နဲ့ဆိုတော့ ကိုယ့်အတွက် အကျိုးအမြတ်နည်းတော့ တောင်သူတွေ အဆင်မပြေကြဘူးလေ’’ဟု သထုံမြို့နယ် ကတိုက်ကလေး ကျေးရွာမှ ဦးလှ ကြည်ကပြောသည်။

Top News