ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် သတင်းသမားနှင့် တက်ကြွလှုပ်ရှားသူအချို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်

သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ယမန်နေ့က လမ်းလျှောက်ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ − နစ်ကီ)

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံ ရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လွှတ်ပေးရန် သတင်းမီဒီယာသမားများနှင့် တက်ကြွလှုပ်ရှားသူများက ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုသည်။

ယမန်နေ့က ပြုလုပ်သော ရိုက်တာသတင်းထောက် နှစ်ဦး လွတ်မြောက်ရေးတောင်းဆို ဆန္ဒ ပြရာတွင် မြန်မာသတင်းသမား များ ကာကွယ်ရေးကော်မတီ (PCMJ) အဖွဲ့က ဦးဆောင်ပြီး ကုန်ဈေးနှုန်းကျဆင်းရေး တက် ကြွလှုပ်ရှားသူ ကိုထင်ကျော်နှင့် လက်ပံတောင်းအရေး တက်ကြွ  လှုပ်ရှားသူ ဒေါ်နော်အုံးလှတို့ အ ပါအ၀င် လူဦးရေ ၅၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့သည်။


 ‘‘သတင်းထောက်တွေကို ဖမ်းဆီးခြင်းဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ သတင်းသိရှိခွင့် သတင်းရယူခွင့်တွေကို ပိတ်ပင် လိုက်တာ ဖြစ်တယ်။ သတင်း ထောက် ကိုမိုးအောင်နဲ့ ကိုဝလုံးကို ဖမ်းဆီးခြင်းဟာ လူနှစ်ယောက်ကို ဖမ်းဆီးတာ မဟုတ်ပါဘူး။  သတင်းလောက တစ်ခုလုံးကို ထိန်းချုပ်တာလို့ ကျွန်တော်တို့ အဲဒီလိုမြင်တယ်။ အဲဒီတော့ ဒီ သတင်းထောက် နှစ်ယောက်ကို ချက်ချင်းလွှတ်ပေးဖို့ လိုအပ်ပါ တယ်။ ဒီကနေ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းစပေါ်လာတာ ဒီ သတင်းထောက်တွေရဲ့ အကျိုး ကျေးဇူးကြောင့် ဖြစ်ပါတယ်။ကျွန်တော်တို့က သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးရမှာဖြစ်တယ်’’ဟု ကုန်ဈေးနှုန်းကျဆင်းရေး တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်ကပြောသည်။

 သတင်းထောက်အချို့က ဖမ်းဆီးခံ ရိုက်တာသတင်း ထောက်နှစ်ဦး ရုပ်ပုံပါ ဗီနိုင်းများ ကိုင်ဆောင်ပြီး ရန်ကုန်မြို့သမိုင်း လမ်းဆုံမှ လှည်းတန်းလမ်းဆုံထိ လမ်းလျှောက်ဆန္ဒပြခဲ့သည်။

‘‘ဒီကနေ့ သတင်းလွတ်လပ် ခွင့်က အရင်ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ပိုဆိုးနေ တယ်လို့ မြင်တယ်’’ဟု မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီအဖွဲ့မှ ကိုသာလွန် ဇောင်းထက်ကပြောသည်။

ယင်းသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး နိုင်ငံနေရာအ နှံ့အပြားတွင် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၇ ရက် က သတင်းထောက်ကိုဝလုံး၏ သူငယ်ချင်းများဖြစ်သော ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်အဖွဲ့မှ လူငယ်များက လည်း ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရန် ဆူးလေစေတီတွင် မောရသုတ် ရွတ်ဆိုခြင်း၊ ဆီမီးထွန်း ဆု တောင်းခြင်းများ ပြုလုပ်သည်။

 အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံရ သော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အာမခံပေးရန် ပထမဆုံးအကြိမ် လျှောက်ထားခြင်းအပေါ် မြောက် ပိုင်းခရိုင်တရားသူကြီးက ပယ်ချ သည်။

ဖမ်းဆီးခံ ရိုက်တာသတင်း ထောက်နှစ်ဦးကို အမေရိကန် ပြည်ထောင်စုအခြေစိုက် သတင်း လွတ်လပ်ခွင့် ဆောင်ရွက်နေ သော PEN America အဖွဲ့က ၂၀၁၈  PEN\Barbey Freedom to Wirte (လွတ်လပ်စွာရေးသား ခွင့်)ဆု ချီးမြှင့်ထားသည်။ သတင်းထောက်နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ ပြန်လွှတ်ပေးရန် နိုင်ငံတကာ ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက် ၍ သတင်းသမားကျင့်ဝတ် ချိုး ဖောက်ခြင်းမရှိကြောင်း ဖမ်းဆီးခံသတင်းထောက်နှစ်ဦးက ပြော ကြားထားသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ပြီးနောက်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး အရေးကြီးလုံခြုံရေးစာရွက်စာတမ်း အ ထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ၀င် သတင်းရယူ ဆောင်ရွက်သည်ဆိုကာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက် ညက ဖမ်းဆီးခဲ့သည်။

Top News