ဟံသာဝတီဦးအုန်းကြိုင်ကို သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်

သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌရွေးချယ်ပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ်(ဓာတ်ပုံ - မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖေ့စ်ဘွတ်ခ်)

 မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင် လှထွန်းသည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရ၍ လစ်လပ်သော အ ဆိုပါနေရာအတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျောက်တံတား မြို့နယ်ရှိ ကောင်စီရုံးခန်း၌ ရွေး ချယ်ပွဲ ပြုလုပ်ရာဟံသာဝတီ ဦး အုန်းကြိုင်အား ကောင်စီဝင်များ ၏ ဆန္ဒမဲများဖြင့် ရွေးချယ်ခဲ့သည်။

ဦးအုန်းကြိုင်အပါအဝင် ဦး မြင့်ကျော်၊ ဒေါက်တာမျိုးသန့်တင် နှင့် ဒေါက်တာမောင်မောင်စံ (စာ ရေးဆရာကြည်မင်း) တို့ လေးဦး  ဝင်ရောက်အရွေးခံရာ ကောင်စီ ဒုဥက္ကဋ္ဌအဖြစ် ဦးအုန်းကြိုင်ကို ရွေးချယ်ခဲ့ကြောင်း ကောင်စီဝင် ဦးမြင့်ကျော်က ပြောသည်။


‘‘ဦးအုန်းကြိုင်က အသက် ကြီးပေမယ့် ကောင်စီရဲ့တာဝန် တွေကို လုပ်နိုင်မှာပါ။ ကျန်းမာ ရေးလည်း ကောင်းမွန်ပါတယ်။ နောက်ပြီး ကောင်စီရဲ့ ခရီးစဉ်တွေအကုန်လုံးလည်း လိုက်တော့ သူ နဲ့အဆင်ပြေပါတယ်’’ ဟု ၎င်းက ဆိုသည်။

အဆိုပါကောင်စီကို ၂၀၁၅ အောက်တိုဘာတွင် အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး (ဖိုးသောကြာ (ခေတ်+မိုး))၊ ဒုဥက္ကဋ္ဌ (၁) ဦးဖေ မြင့်၊ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာမျိုး သန့်တင်၊ အတွင်းရေးမှူး ဦးသီဟ စောစသည့် သတင်းစာဆရာ၊ စာရေးဆရာတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

သို့သော် ဒုဥက္ကဋ္ဌ (၁) ဦးဖေ မြင့်သည် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းကြောင့် ၂၀၁၆ ဇွန်လတွင် ဦးအောင်လှ ထွန်းကို ဒုဥက္ကဋ္ဌအဖြစ်ရွေးချယ်ခဲ့ သည်။

ဆက်လက်၍ ဦးအောင်လှ ထွန်းကို ဇန်နဝါရီ ၁၅ ရက်က ပြန် ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအ ဖြစ် တာဝန်ပေးအပ်ခြင်းကြောင့် လစ်လပ်နေရာကို ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် ၂၀၁၂ ကစ၍သတင်းမီဒီယာ ဥပဒေရေးဆွဲခြင်း၊သတင်းမီဒီယာကျင့်ဝတ် ရေးဆွဲ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာနှင့် အခြားအဖွဲ့အစည်း (သို့မဟုတ်) တစ်သီးပုဂ္ဂလအကြား ဖြစ်ပွားသည့် ပဋိပက္ခများ ဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်သည်။

ယခုအခါ သတင်းမီဒီယာ ကောင်စီသို့ တိုင်ကြားလာသည့် ဖြစ်စဉ်များ ဖြေရှင်းပေးခြင်းကို အဓိက ဆောင်ရွက်ပြီး သတင်းမီဒီ ယာဖွံ့ဖြိုးတိုးတက်ရေး၊ သတင်း အချက်အလက် ရပိုင်ခွင့်နှင့် ပတ် သက်၍ ဥပဒေပြုရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဦးမြင့် ကျော်ကဆိုသည်။

Top News