ကျိုက်ထိုမြို့နယ်ရှိ တော်ဝင်ရိုးမကုမ္ပဏီ၏ ကျောက်ခွဲစက်ကြီးကို ပြန်လည်ပိတ်သိမ်းရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

မုပ္ပလင်ကျေးရွာရှိ ကျောက်ခွဲစက်လည်ပတ်သည့် လုပ်ငန်းခွင်အားတွေ့ရစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ မြို့သစ်(၂)ရပ် ကွက်ရှိ တော်ဝင်ရိုးမကုမ္ပဏီ၏ ကျောက်ခွဲစက်ကြီး ပြန်လည်ပိတ် သိမ်းပေးရန် ဒေသခံများက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ သည်။

 ယင်းကျောက်ခွဲစက်ကြီး မပိတ်သိမ်းပါက မွန်ပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါလုပ်ငန်းနှင့် သက်ဆိုင်သော ဝန်ကြီးများကို အဂတိတိုက်ဖျက်ရေးကော်မရှင် နှင့် အင်န်အယ်လ်ဒီ စည်းကမ်း ထိန်းသိမ်းရေးကော်မတီသို့ တိုင် ကြားမည်ဟု မော်လမြိုင်မြို့ မြန်မာပြည်တောင်ပိုင်း ဂျာနယ် လစ်ကွန်ရက်ရုံးခန်း၌ ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေသ ခံများက ပြောသည်။

‘‘ဖေဖော်ဝါရီ ၆ ရက်က ကျောက်ခွဲစက် ပြန်လည်နေတာ ကို သိလို့ မုပ္ပလင်ကျေးရွာ အုပ် ချုပ်ရေးမှူးကို သွားမေးတယ်။ အုပ်ချုပ်ရေးမှူးက မွန်ပြည်နယ် အစိုးရရုံးနဲ့ သထုံခရိုင်၊ ကျိုက်ထို မြို့နယ် အစိုးရအဖွဲ့ရုံး ခွင့်ပြုချက် နဲ့ လည်ပတ်နေတဲ့စာကို ထုတ်ပြ တယ်။ ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၁ နာရီမှာ စက်လည်ပတ်မှု ရပ်နားထားတာ တွေ့ရတယ်’’ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများထဲမှ မုပ္ပလင်ကျေးရွာ အောင်သိဒ္ဓိကျောင်းဆရာတော် အရှင်ကေလာသက မိန့်ကြားသည်။

ကျောက်ခွဲစက်ကြောင့် ရေ မြောင်းများပိတ်ဆို့ခြင်း၊ ခြံများ ရေနစ်ခြင်း၊ အသံများ ဆူညံခြင်း၊ လမ်းများပျက်စီးခြင်း၊ ကျောက် မှုန့်များကြောင့် ကွမ်းခြံများ ပျက် စီးခြင်း၊ ရော်ဘာခြံများ အပင် ဖွံ့ဖြိုးမှုနည်းပါး၍ အစေးမလှီးရ ခြင်းတို့ကြောင့် စီးပွားရေးအရ ဆုံးရှုံးခြင်း၊ ပတ်ဝန်းကျင်ရှိလူများ ကျန်းမာရေးထိခိုက်ခြင်းတို့ ဖြစ် ပေါ်နေကြောင်း သတင်းစာရှင်း လင်းပွဲ ကျင်းပသူ ဦးတင်ဦးက ပြောသည်။

 ထိုကျောက်ခွဲစက်ကြီးကို အစိုးရအဖွဲ့ဝင်များ စစ်ဆေးတွေ့ ရှိချက်အရ ယခင်နှစ် နိုဝင်ဘာ ၁၁ ရက်က ယာယီပိတ်ထားပြီး ကုမ္ပဏီဘက်မှ သနားခံစာအရ EMP ရေးဆွဲခိုင်းပြီး လျှပ်စစ်နှင့် သက်ဆိုင်သည့် ကိစ္စများ ရှင်း လင်းပေးခဲ့သဖြင့် ဒီဇင်ဘာကစ၍ ပြည်နယ်အစိုးရက ပြန်လည် လည်ပတ်ခွင့်ပြုခဲ့ကြောင်း မွန် ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

‘‘ကျွန်မခြံထဲ ကျောက်မှုန့် တွေ ၂ နှစ်ဆက်တိုက်ဝင်လို့ ကျွန်မကွမ်းတိုင် ၄,၅၀၀ စိုက် ထားတာ လက်ရှိ ၁,၅၀၀ ပဲရှိ တော့တယ်’’ဟု ကျောက်ခွဲစိတ် နှင့် ခြံစည်းရိုးကပ်လျက်နေထိုင် သူ ဒေါ်စိန်လှက ပြောသည်။

တော်ဝင်ရိုးမ ကုမ္ပဏီ၏ ကျောက်ခွဲစက်ကြီးသည် လွန်ခဲ့ သော လေးနှစ်ခန့်က တရုတ်နိုင်ငံ သားပိုင်ရှင်က ၀ ဒသမ ၉၀ ဧက အကျယ်အဝန်းဖြင့် လာရောက် လုပ်ကိုင်ခဲ့ပြီး ကျောက်ခွဲစက်အနီး ဥယျာဉ် စိုက်ပျိုးသူများသည် အပင်များ ပျက်စီးခြင်းနှင့် ကျောက်မှုန့်ဒဏ် မခံနိုင်သဖြင့် ရောင်းချ၍ ရွှေ့ပြောင်းသူများ များလာသောကြောင့် ယင်းကုမ္ပဏီ ကျောက်ခွဲစက်ကြီး ဧရိယာ ၁၂ ဧကခန့် ကျယ်ဝန်းလာကြောင်း ဒေသခံများက ဆိုသည်။

ထိုကျောက်ခွဲစက်ကြီးသည် ယခင် လုပ်ငန်း စတင်တည် ဆောက်ချိန်က လုပ်ငန်းပမာဏ နည်းပါးသော်လည်း စစ်ဆေးချိန် တွင် လုပ်ငန်းကြီးမားပြီး ကျောက် ခွဲစက်နှင့် ၇ ဒသမ ၅ မိုင်ကွာဝေး သော ကျောက်ထုတ်လုပ်ရေးစခန်း မှ ကျောက်တုံးကြီးများကို မုပ္ပ လင်ကျေးရွာအနီး ကျောက်ခွဲစက် သို့ ကားကြီးများဖြင့် သယ်ဆောင် ကာ ကြိတ်ခွဲနေ၍ အသံဆူညံမှု များရှိကြောင်း၊ ကျောက်မှုန့်များ ပျံ့လွင့်၍ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ညစ်ညမ်းကာ ၂၃၀ ကေဗီအေ ဓာတ်အားလိုင်း သည် ကျောက်မှုန့်များ ကပ်ငြိ၍ ဓာတ်အားစနစ် ထိခိုက်စေနိုင်ကြောင်း၊ ယင်းနေရာတွင် ကျောက် စက်လုပ်ကိုင်ဆောင် ရွက်ခြင်း မပြုစေဘဲ ကျောက် ထုတ်ရေး စခန်း၌သာ ကြိတ်ခွဲ သင့်ကြောင်း တွေ့ရှိချက်ကို မွန် ပြည်နယ်အစိုးရထံ တင်ပြပြီး ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ၂၀၁၇ ဇူလိုင်လက အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြေကြားသည်။

Top News