မြန်မာလိဂ်ပွဲစဉ်(၆)တွင် ဧရာဝတီနှင့် ရှမ်း၊ ဟံသာဝတီနှင့် ဇွဲကပင် ထိပ်တိုက်တွေ့

၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲတွင် ဧရာဝတီနှင့်ရှမ်းယူနိုက်တက် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − ရှမ်းယူနိုက်တက်)

 မြန်မာလိဂ်ပွဲစဉ်(၆)တွင် ဧရာဝတီနှင့် လက်ရှိချန်ပီယံ ရှမ်း ယူနိုက်တက်၊ ဟံသာဝတီနှင့် ဇွဲ ကပင်အသင်းတို့ ထိပ်တိုက်တွေ့ ဆုံနေသည်။

၂၀၁၈ MPTမြန်မာလိဂ်ပွဲစဉ်(၆) များကို ဖေဖော်ဝါရီ ၁၇ နှင့် ၁၈ ရက်တို့တွင် သက်ဆိုင်ရာ ဘော လုံးကွင်းများ၌ ကျင်းပမည်ဖြစ် သည်။ အမှတ်ပေးဇယားအဆင့် (၆)နေရာရှိ ဧရာဝတီယူနိုက်တက် က အိမ်ကွင်း၌ လက်ရှိချန်ပီယံ ရှမ်း ယူနိုက်တက်ကို ဧည့်ခံယှဉ် ပြိုင်ရမည် ဖြစ်သည်။ အဆင့်(၂) နေရာရှိ ရှမ်းယူနိုက်တက်သည် အဝေးကွင်း၌ ယှဉ်ပြိုင်ရမည့် ပွဲ တွင်အမှတ်ပြည့်ရရန် ရုန်းကန် ရဖွယ်ရှိပြီး ဧရာဝတီ၏ ရုန်းအား ကြောင့် အကြိတ်အနယ်ပွဲကောင်း ဖြစ်လာဖွယ်ရှိသည်။

ယခုတစ်ပတ်တွင် အမှတ် ပေးဇယားအဆင့်(၇)နေရာရှိ ဟံ သာဝတီအသင်းနှင့် အဆင့်(၅) နေရာရှိ ဇွဲကပင်အသင်းတို့ ဟံ သာဝတီအိမ်ကွင်း၌ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ ခြေမကွာသည့် အ သင်းနှစ်သင်း ထိပ်တိုက်တွေ့ ဆုံနေသည့် ယင်းပွဲကလည်း အကြိတ်အနယ်ဖြစ်လာဖွယ် ရှိသည်။

မြန်မာလိဂ်ပွဲစဉ်(၆)အခြား ပွဲစဉ်များတွင် မြ၀တီနှင့် ရတနာ ပုံ၊ ဆောက်သမ်းမြန်မာနှင့် ရခိုင်၊ မကွေးနှင့် စစ်ကိုင်း၊ ရန်ကုန်နှင့် GFA တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာလိဂ်ပွဲစဉ်(၅)အပြီး တွင် ရန်ကုန်ယူနိုက်တက်က လေးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦး ဆောင်ထားပြီး ရှမ်းယူနိုက်တက် က ရမှတ် ၁၁ မှတ်ဖြင့် ဒုတိယ၊ ရတနာပုံအသင်းက ရမှတ် ၁၀ မှတ်ဖြင့် တတိယနေရာတွင် ရပ် တည်နေသည်။ မြ၀တီအသင်းက ရမှတ်တစ်မှတ် ရရှိထားပြီး အ မှတ်ပေးဇယားအောက်ဆုံး၌ ကျ ရောက်နေသည်။

Top News