မြန်မာလိဂ်-၂ ပြိုင်ပွဲတွင် ဒဂုံအသင်းဦးဆောင်

 မြန်မာလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃)အပြီးတွင် ဒဂုံအသင်းက ရမှတ်ငါးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်ထားသည်။

ဖေဖော်ဝါရီ ၁၆ ရက်ကယှဉ် ပြိုင်သည့် ၂၀၁၈ မြန်မာလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃)တွင် Mountain Lion အသင်းက တက္ကသိုလ်အ သင်းကို ၂-၁ ဂိုး၊ ကချင်အသင်း က မောရ၀တီအသင်းကို ၃-၂ ဂိုး ဖြင့် အသီးသီးအနိုင်ရပြီး ဒဂုံအ သင်းနှင့် ငွေကြယ်ပွင့်လေးများ အသင်းတို့ပွဲတွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

အောင်ဆန်းကွင်း၌ ယှဉ် ပြိုင်သည့်ပွဲတွင် Mountain Lion အသင်းက တက္ကသိုလ်အသင်းကို ပထမပိုင်း၌ ၁-၀ ဂိုးဖြင့်ဦးဆောင် ခဲ့ပြီး ဒုတိယပိုင်း ၈၂ မိနစ်တွင် ပင်နယ်တီပြစ်ဒဏ်မှတစ်ဆင့် တက္ကသိုလ်အသင်းက ချေပဂိုး တစ်ဂိုးပြန်လည်သွင်းယူခဲ့သည်။

သို့သော် နာကျင်အချိန်ပို ၉၃ မိနစ်တွင် Mountain Lion အသင်းက အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်သဖြင့် တက္ကသိုလ် အသင်းကို အနိုင်ရခဲ့သည်။ Mountain Lion အသင်းအတွက် ကျော်ဇင်ဦးက နှစ်ဂိုးသွင်းယူပြီး တက္ကသိုလ်အသင်းအတွက် ချေပဂိုးကို နေမျိုးထွေးက သွင်းယူခဲ့ သည်။ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် သည့် ကချင်အသင်းနှင့် မောရ၀ တီအသင်းတို့ပွဲတွင် အကြိတ်အ နယ်ရှိပြီး အပြန်အလှန်သွင်းဂိုး များခဲ့သည်။ ၃၈ မိနစ်  ၌ ကချင် အသင်းအတွက် ပျော်ဒူအောင်က ပထမဂိုးသွင်းယူကာ ပထမပိုင်း တွင် ဦးဆောင်ခဲ့သည်။

၅၄ မိနစ်တွင် ကချင်အသင်း အတွက် စောဂါထူးက ဒုတိယဦး ဆောင်ဂိုးသွင်းယူပြီး၆၆ မိနစ်တွင် မောရ၀တီအသင်းက ဆင်မြူရယ် နှင့် ၇၆ မိနစ်တွင် ဇင်မင်းသန့်တို့ က ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူ ခဲ့သည်။ သို့သော် ၇၇ မိနစ်တွင် ပျော်ဒူအောင်က တတိယအနိုင် ဂိုးသွင်းယူကာ ကချင်အသင်းနိုင် ပွဲရရှိခဲ့သည်။

ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင် သည့် ဒဂုံအသင်းနှင့် ငွေကြယ်ပွင့် လေးများအသင်းတို့ပွဲတွင် အ ကြိတ်အနယ်ရှိသော်လည်း အ နိုင်၊ အရှုံးမပေါ်ဘဲ ဂိုးမရှိသရေ ဖြင့် ပြီးဆုံးခဲ့သည်။

၂၀၁၈ MPT မြန်မာလိဂ်-၂ ပွဲစဉ်(၃)အပြီးတွင် ဒဂုံအသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရမှတ်ငါး မှတ်ဖြင့် အမှတ်ပေးဇယားထိပ် ဆုံး၌ ဦးဆောင်နေသည်။ ရွိုင် ရယ်သန်လျင်အသင်းနှင့် Moun-tain Lion အသင်းတို့က ရမှတ် လေးမှတ်စီတူညီနေသော်လည်း ဂိုးကွာခြားချက်သာသည့် ရွိုင်ရယ် သန်လျင်က ဒုတိယနှင့် Mount-ain Lion က တတိယနေရာတွင် ရပ်တည်နေသည်။

Top News