MMA ပြိုင်ပွဲအမျိုးသမီးတွဲဆိုင်းတွင် လင်းယုန်မေနေရာ၌ ရွှေစင်မင်းယှဉ်ပြိုင်မည်

ရန်ကုန်မြို့တွင် ကျင်းပ မည့် MMA (One Championsh-ip) ပြိုင်ပွဲအမျိုးသမီးတွဲဆိုင်း၌ လင်းယုန်မေအစား ရွှေစင်မင်းက အစားထိုးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင်ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံအောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသားမာချာဒိုတို့က လိုက်ဟဲဗီးဝိတ်တန်း  ချန်ပီယံလုပွဲအ ဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

QuestFor Gold အမည်ဖြင့် ကျင်းပမည့်ယင်းပြိုင်ပွဲတွင် အ မျိုးသမီးတွဲဆိုင်းအဖြစ် မူလက အန်တိုနီယာနှင့် လင်းယုန်မေ၊ ဖိလစ်ပိုင်နိုင်ငံသူ လင်းမ်ဘာဂါ နှင့် အင်ဒိုနီးရှားနိုင်ငံသူ ပရက်စီ လာတို့ယှဉ်ပြိုင်ရန် စီစဉ်ထား သည်။ သို့သော် အန်တိုနီယာ နှင့်ယှဉ်ပြိုင်မည့် လင်းယုန်မေ သည် ဆေးစစ်ချက်မအောင်မြင် ၍ ၎င်းအစား ရွှေစင်မင်းနှင့် အစားထိုးကြောင်း ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူ ကိုအောင်သူက ပြောသည်။

‘‘တခြားပွဲစဉ်တွေက အ ပြောင်းအလဲမရှိပါဘူး။ မြန်မာ လက်ဝှေ့မယ်အချင်းချင်းယှဉ်ပြိုင် မယ့်ပွဲစဉ်တစ်ပွဲတည်းသာ အ ပြောင်းအလဲဖြစ်ခဲ့တာပါ’’ ဟု ၎င်း ကဆိုသည်။

ယင်း MMA ပြိုင်ပွဲတွင် အ ခြားပွဲများအဖြစ် ဖယ်သာဝိတ် တန်း၌ ဖိုးသော်နှင့် ကမ္ဘောဒီးယားနိုင်ငံသား ဆော်စီ၊ လိုက်ဝိတ်တန်းတွင် မလေးရှားနိုင်ငံသား အိဖ်တင်းနှင့် ကော်စတာရီကာနိုင်ငံသား ဆက်စ်တန်၊ ဘင်တန်ဝိတ်တန်းတွင် တောင်ကိုရီးယား နိုင်ငံသားကင်မ်နှင့် ဂျပန်နိုင်ငံသားတာကီနာကာ၊ လိုက်ဝိတ်တန်းတွင် အင်ဒိုနီးရှားနိုင်ငံသားခန်းနှင့် ရုရှားနိုင်ငံသားတင်မိုဖီ၊ ဖယ်သာဝိတ်တန်းတွင် ဖိလစ်ပိုင်နိုင်ငံသားရိုးနှင့် တရုတ်နိုင်ငံသား လီကောင်ဝမ်၊ ဖလိုင်းဝိတ်တန်းတွင် မြန်မာ့လက်ဝှေ့သမားနှစ်ဦးဖြစ်သည့် စောမင်းမင်းနှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

Top News