ရှေ့နေများကို ဝေဖန်ပြောဆိုသည့် ဦးဝီရသူအား မဟနအဖွဲ့က ဆုံးမသင့်ဟုဆို

 ရှေ့နေများအား ဝေ ဖန်ပြောဆိုနေသည့် မစိုးရိမ် ဆရာတော်ဦးဝီရသူအား နိုင်ငံ တော်သံဃမဟာနာယက အဖွဲ့ အနေဖြင့် ခေါ်ယူဆုံးမသင့် ကြောင်း မြန်မာမီဒီယာရှေ့နေများ ကွန်ရက် ဥက္ကဋ္ဌ တရားလွှတ် တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောသည်။ 

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါ ၀င်ခဲ့သည့် လူသတ်သမားကြည် လင်းပါ သုံးဦးက ရုံးချိန်းတစ်ခု တွင် သတင်းထောက်များနှင့် ရှေ့ နေများအား‘မင်းတို့ ထမင်းဝ အောင်စားထား’ ဟု ကြုံးဝါးခဲ့ သည်ဟု သတင်းများထွက်ပေါ်ခဲ့ ပြီးနောက်ဦးဝီရသူ၏ ဗီဒီယိုဖိုင်ပျံ့ နှံခဲ့ခြင်းဖြစ်သည်။

 တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံရခံမှုတွင် ပါဝင်ခဲ့သူများ တရားရင်ဆိုင်နေရ သည့် ဖြစ်စဉ်နှင့် ပက်သက်ပြီး ဦးဝီရသူဝေဖန်ပြောဆိုထားသည့် ဗီဒီယို ဖိုင်တစ်ခုသည် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် သူ တော်ကောင်းကို စော်ကားသည့် သူများ ထမင်းဝအောင်စားထား၊ သံဃာတော်ကို ပြစ်မှားသည့်သူ များ ထမင်းဝအောင်စားထား၊ တရားပွဲများ ပိတ်ပင်နှောင့်ယှက် သည့်သူများ ထမင်းဝအောင်စား ထားဟု ပြောဆိုခဲ့သည်။ ထို့ အပြင် ဦးဝီရသူက သူ့ကိုယ်သူ ကြည်လင်း ( ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်သူ) ဆရာတော်ဟု ဗီဒီယိုဖိုင်တွင် မိန့်ကြားခဲ့သည်။ 

ရှေ့နေများမှာ ပိုက်ဆံပေး ထားသူကို အပြစ်ရှိသော်လည်း လွှတ်ပေးသူနှင့် အလိုမကျသူကို ထောင်မကျကျအောင် ချသူဟူ ၍နှစ်မျိုးသာရှိကြောင်း၊ ရှေ့နေ များအတွက် ဥပဒေသည် အဓိက ဟုတ်ဘဲ ချစ်ခြင်း၊ မုန်းခြင်းသည် သာ အဓိကဖြစ်ကြောင်း ဦးဝီရသူ က ရှေ့နေများအားဝေဖန်သည်။

‘‘ဒီလိုမျိုး ပြောနေတာကို ဘာမှမလုပ်ဘဲ ကြည့်နေမယ်ဆို ရင် ထောက်ခံသလိုဖြစ်နေမှာပေါ့ နော်။ ဒါကြောင့်သံဃာထုကို အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေက သံဃ မဟာနာယကအဖွဲ့ကြီး ကနေ အချိန်မီ၊ အချိန်လည်း မမီတော့ ပါဘူး။ ဒါပေမဲ့အမြန်ဆုံး ထိန်းသိမ်း သင့်ပါတယ်’’ ဟုဦးအောင်စိုးဦးက ပြောသည်။

ဦးကိုနီအား သေနတ်ဖြင့် ပစ်ခဲ့သူ လူသတ်သမား ကြည်လင်းကိုဝန်းရံသည်ဆိုကာ ‘ မင်းတို့ထမင်းဝအောင်စားထား’ စာ တန်းပါ တီရှပ်အင်္ကျီဝတ်ဆင်ပြီး ရုံးထုတ်သို့လာရောက်ခဲ့သူ လေးဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ရာဇသတ်ကြီးပုဒ်မ ၁၈၉ တို့ ဖြင့် ဖေဖော်ဝါရီ ၇ ရက်ကအမှုဖွင့်ခဲ့သည်။ သို့သော်လည်းယနေ့ အချိန်ထိဖမ်းဆီးရမိခြင်းမရှိသေး ပေ။

Top News