NCA လက်မှတ်ထိုး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ယနေ့ပြုလုပ်မည်

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး NCA လက်မှတ်မရေးထိုးမီ ရက်ပိုင်းအလိုတွင် အပစ်ရပ်ရှစ်ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − Myo Win/FB)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးကို ဖေ ဖော်ဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ပြုလုပ်၍ ရှေ့ဆက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ  ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ က ပြောသည်။


ယခု အစည်းအဝေးသည် ဖေဖော်ဝါရီ ၁၃ ရက်တွင်မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA လက်မှတ်ထိုးပြီး နောက် ပထမဆုံးအကြိမ်ပြုလုပ် သည့် အစည်းအဝေးဖြစ်သည်။ 

‘‘မနက်ဖြန်နဲ့သန်ဘက်ခါ မှာ ချင်းမိုင်အစည်းအဝေးရှိတယ်။   အရေးကြီးတာက လက်မှတ်ထိုး ထားတာ အဟောင်းကရှစ်ဖွဲ့ရှိ တယ်။အသစ်က နှစ်ဖွဲ့ရှိတာကိုး။ အရင်ဆုံးက အဟောင်းရှစ်ဖွဲ့နဲ့ အသစ်နှစ်ဖွဲ့က အရင်ဆွေးနွေး လိမ့်မယ်။ အဲဒါပြီးတဲ့အခါမှအစိုးရ နဲ့ ပြန်စမှာပေါ့’’ ဟု ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ အကြံပေး ဦးခွန်းဆေက ဖေဖော် ၀ါရီ ၁၇ ရက်တွင်ပြောသည်။ 

ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်မှတ်ထိုး ၁၀ ဖွဲ့ အကြားပူး ပေါင်း ဆောင်ရွက်နိုင်ရေးအဓိက ညှိနှိုင်းမည်ဟု ၎င်းကဆိုသည်။

ပအိုဝ်း အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ‘‘နောက်နှစ်ဖွဲ့က ဘာ လုပ်ချင်လဲ၊ သူတို့နိုင်ငံရေးဆွေး နွေးပွဲ ဘယ်အဆင့်ထိလုပ်ချင်လဲ။ အမျိုးသားအဆင့် ဆွေးနွေးပွဲ ပြု လုပ်ဖို့ကိစ္စတွေ။ မွန်နဲ့လားဟူနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေး ဖို့၊ ၀န်းရံဖို့ဆွေးနွေးမှာပေါ့’’ ဟု ပြောသည်။ 

ယခင်လက်မှတ်ထိုး ရှစ်ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် မွန်နှင့်လားဟူအဖွဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စလည်း ဆွေးနွေးမည်ဟု၎င်းကပြောသည်။

‘‘သူတို့ဆက်လက်ပါဝင်လာ မယ်ဆို PPST ကို ၁၀ ဖွဲ့နဲ့ ပြန် လည်စုဖွဲ့ပြီးတော့ လုပ်နည်းလုပ် ထုံးတွေ ပြုပြင်ရေးဆွဲမှာပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

ထို့ပြင် NCA ကဖွဲ့စည်းထား သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)၊ပြည်ထောင်စု ငြိမ်ချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)စ သည့် စုဖွဲ့မှုများတွင် မွန်နှင့် လားဟူအဖွဲ့ မည်သည့်ပုံစံဖြင့် ပါဝင် မည်ဆိုသည့်ကိစ္စများ ဆွေးနွေး ညှိနှိုင်းမည်ဖြစ်သည်။

More in Politics Section

Top News