ကွင်းလယ်ကစားသမားသစ်တစ်ဦး ဝယ်ယူမည်ဟု မော်ရင်ဟိုပြော

Getty Images

လန်ဒန် - ဝေဖန်ခံနေရသော မန် ယူကြယ်ပွင့် ပေါ့ဂ်ဘာအပေါ် ဖိအားများလျော့ပါးရေး နောက် ထပ်ကွင်းလယ်လူတစ်ဦးကို ခေါ် ယူလိုကြောင်း နည်းပြမော်ရင်ဟို က ပြောသည်။

ကွင်းလယ်လူမိုက်ကယ် ကာ ရစ် (၃၆) နှစ်၏ နေရာတွင် အစားထိုးရန် လာမည့် နွေရာသီ၌ ကစားသမားသစ်တစ်ဦး ခေါ်ယူ ရေး မန်ယူက ပစ်မှတ်ထားနေ သည်။

ဝါရင့် အင်္ဂလန်ကွင်းလယ် ကစားသမား ကာရစ်သည် ယခုရာ သီကုန်တွင် အနားယူတော့မည် ဖြစ်ကာ မန်ယူနည်းပြ အဖွဲ့ဝင် ရာထူးတစ်နေရာ၌ ဆက်လက် ရှိနေမည်ဖြစ်သည်။

မကြာသေးမီ သီတင်းပတ် များအတွင်း စွမ်းဆောင်ရည်ပိုင်း နှင့် ပတ်သက်၍ ဝေဖန်ခံနေရသူ ပေါ့ဂ်ဘာသည် မော်ရင်ဟို ပထမ ဆုံးကိုင်တွယ်သည့် ရာသီတွင် ရောက်လာပြီး ၂၀၁၇-၁၈ ဘော လုံးရာသီမတိုင်မီ ချယ်လ်ဆီးမှ မာတစ်ကို ခေါ်ယူခဲ့သည်။

လာဇီယိုမှ ဆာဗစ်နှင့် နိစ် ကြယ်ပွင့်ဆာရီတို့ကဲ့သို့ ကစား သမားများကို မန်ယူကခေါ်ယူရန် ရည်မှန်းထားစဉ် ပေါ့ဂ်ဘာအပေါ် ရှိနေသော ဖိအားများ ပြေလျော့ စေရေး မော်ရင်ဟိုက နောက်ထပ် ကွင်းလယ်လူတစ်ဦးကို လိုချင်နေ သည်။

ပေါ့ဂ်ဘာသည် လောလော ဆယ်တွင် နေမကောင်းဖြစ်နေပြီး ဘောလုံးမကစားနိုင်ပေ။ ပြင်သစ် လက်ရွေးစင်ပေါ့ဂ်ဘာနှင့် ဆက် ဆံရေး အဆင်မပြေဖြစ်နေသည် ဆိုသော သတင်းများ ကို မော်ရင် ဟိုက ပယ်ချပြီး ယင်းမှာ မုသား စကားများသာ ဖြစ်သည်ဟု ဆို သည်။

—Ref:AS

Top News