ရီးရဲလ်ကွင်းတွင် ဘက်လိုက်ခဲ့သလို ပီအက်စ်ဂျီကွင်း၌ အိမ်ရှင်ကို မျက်နှာသာပေးစေလိုဟု နည်းပြပြောကြား

ပါရီ - ရီးရဲလ်ကို ၃-၁ ဂိုးဖြင့် ရှုံး နိမ့်သည့် ပထမအကျော့ ကိုင် တွယ်ခဲ့ပုံနှင့် ပတ်သက်၍ အီတလီကွင်းလယ်ဒိုင် ဂီယန်လူကာရော့ ချီကို ပီအက်စ်ဂျီနည်းပြ v အမ်မရီ က ထပ်မံ ပြစ်တင်ထိုးနှက်ပြော ကြားသည်။

အမ်မရီက ရီးရဲလ်နှင့် ချန်ပီ ယံလိဂ် နောက်ဆုံး (၁၆) သင်းအ ဆင့် ပထမအကျော့ကို ဒိုင်လူကြီး ရော့ချီကိုင်တွယ်ခဲ့ပုံနှင့် ပတ်သက် ၍ အခဲမကျေဖြစ်နေပြီး ယင်းရ လဒ်သည် မိမိတို့ လိုချင်သော ရလဒ်မဟုတ်ဟု ပြောသည်။

ရီးရဲလ်အိမ်ကွင်းတွင် ကိုင် တွယ်စဉ်က အိမ်ရှင်အသင်းကို အသားပေးဆုံးဖြတ်ခဲ့သည့် ဒိုင်လူ ကြီးရော့ချီကဲ့သို့ ဒုတိယအကျော့ ပီအက်စ်ဂျီအိမ်ကွင်းတွင် ယှဉ်ပြိုင်  စဉ် ပီအက်စ်ဂျီကို အသားပေးဆုံး ဖြတ်သော ဒိုင်လူကြီးအား ကိုင် တွယ်စေလိုသည်ဟု အမ်မရီက ပြောသည်။

ဥပမာ- ရီးရဲလ်နှင့် ပွဲတွင် အိမ်ရှင်အသင်းဘက်သို့ ပင်နယ် တီမပေးမီလူကျွံ အနေအထားမျိုး ဖြစ်ခဲ့ခြင်းကဲ့သို့ အိမ်ရှင်ဘက်သို့ အသားပေးဘက်လိုက် ဆုံးဖြတ် မှုများရှိခဲ့သည်ဟု အမ်မရီက ပြောသည်။ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ နေမာက မိမိတို့ လျှောက်ရမည့်လမ်းသည် လွယ် ကူမည်ဟု လုံးဝမပြောခဲ့ကြောင်း၊ ဒုတိယအကျော့တွင့် ရီးရဲလ်ကို ဖြတ်ကျော်၍ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။

ပီအက်စ်ဂျီသည် နေမာနှင့် မက်ဘီတို့ကို ကြေးကြီးပေး၍ ခေါ် ယူအားဖြည့်ကာ ချန်ပီယံလိဂ် ဖလားရရေး အဓိက ရည်မှန်းနေ ပြီး လီဂူးဝမ်းဖလားရရန် အခြေ အနေကောင်းနေသည်။

—Ref:Marca

Top News