ချင်းပြည်နယ်တွင် စိုက်ပျိုးရန် ချယ်ရီနှင့် တောင်ဇလပ်ပင်များ စတင်ပျိုးထောင်နေ

ချင်းတောင်တန်းတွင် တွေ့ရသည့် တောင်ဇလပ်ပင်အချို့ (ဓာတ်ပုံ− 7Day)

ကန်ပက်လက်မြို့နယ် နှင့် မင်းတပ်မြို့နယ်တွင် ချယ်ရီ ပင်တစ်သောင်းနှင့် တောင်ဇလပ် ပင်တစ်သောင်းစိုက်ပျိုးရန် အပင် ငယ်များကို စတင်ပျိုးထောင်နေ ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန (မင်းတပ်)လက်ထောက်ညွှန်ကြားရေးမှူး ဦးဟုန်လိန်းက ပြောသည်။

ခရီးသွားများကို ဆွဲဆောင် ရန် ကန်ပက်လက်မြို့နယ်တွင် ၂၀၁၈ အတွင်း ချယ်ရီပင် တစ် သောင်းစိုက်ပျိုးမည်ဟု ပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၂၀၁၇ အောက်တိုဘာ၌ ပြောကြား သည်။  ချယ်ရီပင်တစ်သောင်းကို ကန်ပက်လက်မြို့တွင် စိုက်ပျိုး မည်ဖြစ်ပြီး တောင်ဇလပ်ပင်တစ် သောင်းကို မင်းတပ်မြို့နယ်တွင် စိုက်ပျိုးမည်ဟု ဦးဟုန်လိန်းက ပြောသည်။  သစ်တောဦးစီးဌာနက ပျိုးပင်များနှင့် ဒေသတွင်းရှိ ပျိုးပင်များကို စိုက်ပျိုးရန် စုဆောင်းနေပြီး အပင်ရှင်သန်ကြီးထွားရန် ဂျပန် နိုင်ငံက နည်းပညာ ကူညီထား ကြောင်း ၎င်းက ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ သည် ပြည်နယ်အတွင်း ချယ်ရီပင် စိုက်ပျိုးရန် ဂျပန်နိုင်ငံမှ ဆာကူရာဖောင်ဒေးရှင်းနှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ သည်။ ‘‘မိုးကျမှ ဒီအပင်တွေက မြေ ကြီးထဲ စချလို့ရမှာ။ လအလိုက်ခွဲ စိုက်သွားမှာ။ ၂၀၁၈ ထဲမှာတော့ ပြီးမှာပဲ’’ဟု ဦးဟုန်လိန်းက ပြော သည်။ ၂၀၁၈ အတွင်း စိုက်ပျိုး မည့် ချယ်ရီပင်များသည် ၂၀၂၀ တွင် အပွင့်ပွင့်လာမည်ဟု ခန့်မှန်း ထားကြောင်း ဆလိုင်းအိုက်ဇက် ခင်က ပြောသည်။

ချယ်ရီပင်နှင့် တောင်ဇလပ် ပင်များကို ပြည်နယ်အတွင်းရှိ လမ်းမကြီးများဘေးတွင် စိုက်ပျိုး မည်ဖြစ်ပြီး ဝိတိုရိယတောင်ပေါ် ၌ ချယ်ရီပင်အစား တောင်ဇလပ်ပင်များ စိုက်ပျိုးမည်ဟု ဦးဟုန် လိန်းက ပြောသည်။

‘‘တောင်ပေါ်ကိုတော့ ချယ် ရီပင်က ရသလောက်ပဲ စိုက်မယ်။ ရာသီဥတုကြောင့် ချယ်ရီစိုက်မရနိုင်တဲ့ နေရာတွေမှာ တောင်ဇလပ် စိုက်မယ်’’ဟု ၎င်းက ပြောသည်။

‘‘ချင်းပြည်နယ်ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် နေတဲ့ လုပ်ငန်းစဉ်တွေထဲက တစ် ခုပေါ့နော်။ ချယ်ရီပင်တွေကြောင့် ဒေသအလှအပတိုးပြီး ခရီးသွား တွေ ပိုမိုလာရောက်လည်ပတ်စေ ဖို့ ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့် တယ်’’ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။  နေပြည်တော်တွင် ၂၀၁၇ မှ ၂၀၂၀ အထိ ချယ်ရီပင်တစ်ထောင်စိုက်ပျိုးရန် မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား သဘောတူညီခဲ့သည်။ ဂျပန်နိုင်ငံချယ်ရီပင်မျိုး ရင်းကို ချစ်ကြည်ရေးအရ နေပြည်တော်တွင် စိုက်ပျိုးခြင်းဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီက ပထမဆုံးအကြိမ်အဖြစ် အပင် ၁၀၀ စိုက်ပျိုးခဲ့သည်။

Top News