မြောင်တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လှည်းယဉ်ကြော့ပြိုင်ပွဲကျင်းပ

မြန်မာ့ရိုးရာနွားလှည်းယဉ်ကြော့ပြိုင်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

စစ်ကိုင်းခရိုင် မြောင်မြို့ နယ်တွင် တောင်သူလယ်သမား နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ကျင်းပနေကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်စိုးကပြောသည်။

မြန်မာ့ရိုးရာ နွားလှည်းယဉ် ကြော့ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ မှ ၂၂ ရက်အထိ မြောင်မြို့တောင် ရပ်ကွက် သမဦးစီးဌာန အနောက် ဘက်၌ ကျင်းပနေသည်။


‘‘ဒီနှစ် ဒုတိယအကြိမ် နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ကျင်းပ တာပါ။ မတ်လ ၂ ရက်မှာ ကျရောက်မယ့် တောင်သူလယ်သမားနေ့ ဂုဏ်ပြုတဲ့အနေနဲ့ ကြို တင်ကျင်းပတာပါ။ တောင်သူ တွေ ဂုဏ်ပြုတဲ့အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ စိတ်ဓာတ် ခွန်အားတိုးမြင့်အောင် ကျင်းပတာပါ’’ဟု ဦးတင့်လွင်စိုးကပြောသည်။

မြောင်မြို့ မြန်မာ့ရိုးရာ နွားလှည်းယဉ်ကြော့ပြိုင်ပွဲ၌ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်မှ တောင်သူများက ပြိုင်ပွဲအမျိုးအစား လေးမျိုးတွင် နွားလှည်းယဉ် ၃၀ခန့် ပါဝင်ယှဉ်ပြိုင်နေကြောင်း ၎င်းကပြောသည်။

 ‘‘နွားလှည်းယဉ်အကြော့ ပြိုင်ပွဲမှာ ပထမပြိုင်ပွဲက နွားငယ် ကြိုးမောင်း၊ ဒုတိယပြိုင်ပွဲက နွားငယ်သွားစိုက်နှစ်ချောင်း၊ တတိယပြိုင်ပွဲက နွားငယ်သွားစိုက် လေးချောင်း၊ ခြောက်ချောင်း၊ စတုတ္ထပြိုင်ပွဲက နွားအကြီးတန်း သက်စုံပြိုင်ပွဲတွေ ဖြစ်ပါတယ်’’ ဟု မြောင်မြို့ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ပြိုင်ပွဲလေးမျိုးတွင် ပြိုင်ပွဲအမျိုးအစား တစ်ခုစီအတွက် ပထမဆုတီဗီတစ်လုံး၊ ဒုတိယဆု ရုပ်သံဖမ်းစလောင်း စက်တစ်လုံး၊ တတိယဆုငွေ ဖလားနှင့် ၀တ်စုံတစ်စုံ၊ စတုတ္ထဆုဝတ်စုံတစ်စုံ ချီးမြှင့်မည်ဖြစ် ကြောင်း  မြောင်မြို့ မြန်မာ့ရိုးရာ နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူများ ကပြောသည်။

Top News