ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ခုအတွင်း မီးလောင်

ဖားကန့်တွင် ကျောက် စိမ်းကုမ္ပဏီတစ်ခုအတွင်း မီး လောင်မှုဖြစ်ပွားကာ လူထိခိုက်မှု မရှိသော်လည်း သစ်သားအ ဆောက်အအုံ လေးဆောင် မီး လောင်ဆုံးရှုံးခဲ့သည်။


ဖားကန့်မြို့ မှော်ဝမ်းရပ် ကွက်ရှိ ကျောက်စိမ်းတောင် ကုမ္ပဏီဝင်းအတွင်း ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့သည်။ နံနက် ၂ နာရီခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သော်လည်း ပေ ၄၀ × ၆၀ သစ်သားအဆောက်အအုံ လေးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူးဦးပြေငြိမ်းကပြောသည်။

‘‘မီးသတ်ကား ရှစ်စီးနဲ့ တပ်ဖွဲ့ဝင် ၅၀ လောက်ရယ်၊ ကုမ္ပဏီကမီးသတ်ကား လေးစီးရယ်ဒေသခံတွေရော ဝန်ထမ်းတွေပါဝိုင်းငြှိမ်း သတ်ခဲ့တာ။ ဝိုင်ယာရှော့ခ်ကြောင့် လောင်တယ်လို့သိရပါတယ်’’ဟု ဦးပြေငြိမ်းကပြောသည်။

မီးလောင်မှုဖြစ်ရပ်ကို ဖား ကန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ် ဆေးနေပြီး ဆုံးရှုံးတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိကြောင်း ဖားကန့်မြို့ နယ်မီးသတ်ဦးစီးဌာနကဆိုသည်။

More in News Section

Top News