သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်များချမှတ်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

သက်ငယ်မုဒိမ်းပပျောက်ရေး လှုပ်ရှားမှုပြုလုပ်နေသူများကို ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းတွင် ဖေဖော်ဝါရီ ၁၉ ရက်က မြင်ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

သက်ငယ်မုဒိမ်းမှုကျူး လွန်သူများကို ပြင်းထန်စွာ ပြစ် ဒဏ်ပေးရန် ပြည်ထဲရေးဝန်ကြီး ဌာန၊ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားသူကြီးတို့တွင် တာဝန်ရှိ ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်တိုက်တွန်းထားသည်။ 


‘‘ကလေးငယ်တွေနားလည် တဲ့အသိပညာပေးမှုပုံစံမျိုး Sex Education (လိင်မှုကိစ္စပညာပေး ခြင်း) တွေ လုပ်ဖို့ လိုအပ်တယ်။ အိန္ဒိယနိုင်ငံက ပီကေမင်းသားက ကလေးတွေကို Sex Education ပေးနေတာ ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်ရတယ်။ ဒါက ယဉ်ကျေးပြီး ထိရောက်တဲ့အသိပညာပေးမှုပုံစံ မျိုးပါ။ အဲဒီလိုပုံစံမျိုး အန်ကယ်တို့ဆီက အနုပညာရှင်တွေလည်း လုပ်ဖို့ လိုအပ်ပါတယ်’’ဟု  ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

ထို့ပြင် သတင်းမီဒီယာများ၊ FM ရေဒီယိုများမှတစ်ဆင့် သက်ငယ်မုဒိမ်းမှုဖြစ်ခြင်း ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်ရှောင် ရန်နည်းလမ်းများ၊ အကယ်၍ဖြစ် လာပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ရန်နှင့် ကလေးငယ်များ တစ်ဦးတည်း လျှောက် သွားနေလျှင် တာဝန်ရှိသူက အုပ်ထိန်းသူမိဘများထံ ပြန်လည်အပ်နှံပေးရမည်ဆိုသည့် အချက်များ ကြေညာပေးသင့်ကြောင်း ဦးယုလွင်အောင်က အကြံပြုသည်။ 

လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်ကျော်ထွန်းက ‘‘ထိရောက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ပေးဖို့ အဘက်ဘက်က စဉ်းစားပြီး ပြည် ထောင်စုလွှတ်တော်မှာ ရေးဆွဲမှ ရမယ်။ အစ်ကိုတို့က အကြံဉာဏ် ပေးလို့ပဲရတယ်။ ဒီကိစ္စတွေက အဖြစ်များလာတဲ့အတွက် မြန်မြန် ဆန်ဆန် လုပ်ဖို့ လိုအပ်တယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေ ကအစ လုပ်ဆောင်ရမယ်’’ဟု သုံးသပ်ပြောကြားသည်။ 

၂၀၁၆ တွင် မုဒိမ်းမှု ၁,၁၀၀ မှုနှင့် ၂၀၁၇ တွင် ၁,၄၀၅ မှုဖြစ်ပွားခြင်းကြောင့် ယခင်နှစ်ထက် ၃၀၅ မှု ပိုလာကြောင်း ကော်မရှင်က ဆိုထားသည်။ 

Top News