ဆေးစစ်ချက်မှားထုတ်သည့် မန္တလေးရှိ မြို့တော်ဆေးရုံကို နစ်နာကြေးကျပ်သိန်း ၃၀၀ ပေးလျော်ရန် အမိန့်ချ

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ မြို့တော် ပုဂ္ဂလိကဆေးရုံတွင် လူနာဦးဝင်း တင်၌ HIV ပိုးရှိနေသည်ဟု ဆေး ရုံ၏ဓာတ်ခွဲစစ်ဆေးချက်အဖြေ မှားယွင်းခဲ့မှုနှင့်ပတ်သက်၍ လူနာရှင်ဘက်က တရားစွဲခဲ့ရာ နစ်နာ ကြေး ကျပ်သိန်း ၃၀၀ ပေးဆောင် ရန် မန္တလေးခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် မန္တလေးခရိုင်တရားရုံးက နစ်နာ ခဲ့သည့်လူနာရှင်အတွက် တရား ရုံးကုန်ကျစရိတ်နှင့် နစ်နာကြေး ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ ကြောင်း လူနာရှင် ဦးဝင်းတင်၏ သမီး ဒေါ်သီတာဝင်းက ပြော သည်။

‘‘အခုလို အမိန့်ချလိုက်တော့ အဖေလည်း ရွာမှာ သိက္ခာမကျ တော့ဘူး။ ကျွန်မတို့ တရားစစွဲက တည်းက ငွေကြေးကုန်ကျမှု ကြောင့် မဟုတ်ပါဘူး။

အဖေရဲ့ သိက္ခာကြောင့်ပါ’’ ဟု ဒေါ်သီတာဝင်းက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် ဘုရားလှ ကျေးရွာနေ တောင်သူ ဦးဝင်းတင် သည် ၂၀၁၅ အောက်တိုဘာက နေထိုင်မကောင်း၍ မန္တလေးမြို့ တော်ဆေးရုံတွင် တက်ရောက် ကုသစဉ် ဆေးရုံ၏ဓာတ်ခွဲစစ် ဆေးချက်အရ HIV ရောဂါပိုးတွေ့ ရှိပြီး ယင်းရောဂါပိုး အဆုတ် အတွင်းသို့ ရောက်နေကြောင်း မှားယွင်းဖော်ပြခဲ့သည်။

ထို့ကြောင့် မန္တလေးခုတင် ၃၀၀ ဆံ့ဆေးရုံရှိ HIV/AIDS ရောဂါကုသရေးဌာနသို့ ပြောင်း ရွှေ့တက်ရောက်ရန် မြို့တော်ဆေးရုံက စာထုတ်ပေးခဲ့ကြောင်း ဒေါ်သီတာဝင်းက ဆိုသည်။

အဆိုပါဆေးရုံဘက်မှ ဆေး စစ်ချက်အဖြေသိရပြီးနောက် တစ် လအကြာ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် ပုဂ္ဂလိကဆေးရုံများသို့ ထပ်မံပို့၍ စစ်ဆေးရာ လူနာ၌ HIV ပိုးမရှိ ကြောင်း ဆေးစစ်ချက်အဖြေထွက် ခဲ့သည်။ ဆေးစစ်ချက်အဖြေမှား ယွင်းပြီး လူနာနစ်နာမှုအတွက် ၂၀၁၆ တွင် မြို့တော်ဆေးရုံကို လူနာရှင်ဘက်က တရားစွဲဆိုခဲ့ သည်။  ယခုကဲ့သို့ မန္တလေးခရိုင် တရားရုံးက နစ်နာကြေးကျပ်သိန်း ၃၀၀ ပေးရန် အမိန့်ချခဲ့သည့်အ ပေါ် လိုက်နာမည်ဟု မြို့တော် ဆေးရုံအုပ် ဒေါက်တာနွယ်နွယ် ဝင်းက ပြောသည်။

More in News Section

Top News