လမ်းမတော်နှင့် ဗိုလ်တထောင်တွင် အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် စတင်ရန်ပြင်ဆင်

လမ်းမတော်နှင့် ဗိုလ်တထောင်မြို့ နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် စတင်ရန် စီမံချက်ရေးဆွဲနေ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်ကပြောသည်။


ယခင်ကတည်းက အမှိုက် ခွဲခြားစွန့်ပစ်သည့်စနစ် ရှိသော် လည်း ပြန်လည်ဆောင်ရွက်ရန် ပြည်သူများကို ပညာပေးစည်းရုံး မည်ဟု ၎င်းကပြောသည်။

‘‘အခုလုပ်မှာက ပုလင်းဆို ပုလင်းသတ်သတ်၊ ရေသန့်ဘူးဆို ရေသန့်ဘူးသတ်သတ်၊ နို့ဆီဘူး၊ စားကြွင်းစားကျန်ဆို စားကြွင်းစား ကျန် အဲဒီလိုလေးလုပ်ဖို့ ပညာပေး မယ်’’ဟု ၎င်းကပြောသည်။

 ရန်ကုန်မြို့တွင် အမှိုက် ကောက်ပွဲတော်များ၊ အမှိုက်စနစ် တကျစွန့်ပစ်ရန် ပညာပေးပိုစတာ များ ထားရှိသော်လည်း လူထုသည် အမှိုက်စနစ်တကျစွန့်ပစ်ရာ၌ အား နည်းချက်များ ရှိနေသေးကြောင်း ယုဇနဥယျာဉ်မြို့တော်နေ ဒေါ်သီ တာက ပြောသည်။

‘‘ကျွန်မတို့ဘက်မှာဆို လမ်း ထိပ်တွေမှာ အမှိုက်ပုံးထားပေး တယ်။ နောက် အမှိုက်ကားက လည်း တစ်နေ့တစ်ခေါက် လမ်း ထဲလာတယ်။ ဒါပေမဲ့ လူတွေက အလွယ်ပဲ ပစ်ကြတာ။ နောက်ဖေး လမ်းကြားတွေကနေလည်း ပစ်ချ နေကြတာ။ အရေးယူမှုမရှိတော့ ပိုဆိုးတာပေါ့’’ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အမှိုက်ခွဲခြား စွန့်ပစ်ခြင်းထက် အ မှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ် သည့် ယဉ်ကျေးမှုကို အရင်စရ မည်ဖြစ်ပြီး လက်လှမ်းမီသည့်နေ ရာများတွင် အမှိုက်ပုံးများ ထားရ ပေးမည်ဟု အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ ပြောကြားသည်။

စားသောက်ဆိုင်၊ ကျူရှင်နှင့် သင်တန်းအများဆုံးရှိပြီး လက် ကမ်းစာစောင်များ အများဆုံးဝေငှ ရာနေရာဖြစ်သည့် ကမာရွတ်မြို့ နယ် လှည်းတန်းတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး အမှိုက် Stand များ ထားရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

လှည်းတန်းတွင် စတင်ထားရှိသည့် အမှိုက် Stand တစ်ခုကို တွေ့ရစဉ်

ဓာတ်ပုံ - Zaw Naing Win Facebook